Saturday, July 27, 2013

Shadow Imitation Jutsu (Nara)

Naruto ဇာတ်လမ်းတွဲထဲက အပျင်းကြီးပြီး genius အဖြစ်လူသိများတဲ့ Nara Shikamaru တို့ Nara မျိုးနွယ်ဝင်တွေသုံးတဲ့ Shadow Imitation Technique လေးအကြောင်းပါ

Shadow Imitation Technique(kagemane no jutsu) ကိုအရင်တုန်းက Shadow Bind Technique(kageshibari no jutsu) လို့ခေါ်ခဲ့ကြပါတယ်...nara မျိုးနွယ်ဝင်တွေအစဉ်အဆက်သုံးလာတဲ့ ဂျူဆုဖြစ်ပြီး ဂျူဆုအမျိုးအစားက Hiden ပါ..Hiden ဆိုတာက secret technique လို့အဓိပ္ပာယ်ရပြီး nara clan ရဲ့လျို့ဝှက်ဂျူဆုပေါ့..သဘောကတော့ Ninjutsu တွေကို copy ကူးနိုင်တဲ့ uchiha တွေရဲ့ Sharingan မျက်လုံးနဲ့တောင်မှ copy ကူးလို့မရပါဘူး...

ဒီဂျူဆုကို သုံးတဲ့သူဟာ သူ့ရဲအရိပ်ကို လိုချင်တဲ့အကွာအဝေးတစ်နေရာ ထိရောက်အောင် ဆန့်ထုတ်နိုင်ပါတယ်..သုံးတဲ့သူရဲ့ chakara အနည်းအများပေါ်မူတည်ပြီး အရိပ်သွားနိုင်တဲ့ အနီးအဝေးအကွာအဝေး ကွာခြားနိုင်ပါတယ်..ထူးခြားချက်တစ်ခုကတော့ အရိပ်က ဘယ်မျက်နှာပြင်ပေါ်မဆိုဖြတ်သန်းသွားနိုင်ပြီး ရေပေါ်မှာတောင်မှ ဖြတ်သွားနိုင်ပါတယ်တဲ့..

သုံးတဲ့သူက ကိုယ့်ဆန့်ထုတ်လိုက်တဲ့ ကိုယ့်ရဲ့အရိပ်ကို ဦးတည်ထားတဲ့ တစ်ဖက် ရန်သူရဲ့ အရိပ်ကို သွားထိလိုက်ပြီ ဆိုတာနဲ့ အဲဒီအရိပ်နှစ်ခုဟာပေါင်းသွားပြီး ရန်သူဟာ ဂျူဆုသုံးထားတဲ့သူ လုပ်သမျှအကုန်လိုက်လုပ်ပါလိမ့်မယ်...တကယ်လို့ ကိုယ်ပစ်မှတ်ထားတဲ့ ရန်သူဟာ ကိုယ့်အရိပ်မရောက်နိုင်လောက်တဲ့ အကွာအဝေးတစ်နေရာမှာရှိနေခဲ့ရင် တစ်ခြားရှိပြီးသား အရာဝတ္ထုတွေရဲ့ အရိပ်တစ်ခုခုနဲ့ အရင်ဆက်သွယ်ပြီးမှ ပစ်မှတ်ထားတဲ့ ရန်သူရဲ့အရိပ်ကိုဆက်သွယ်နိုင်ပါတယ်(chunin exam နောက်ဆုံးအဆင့်မှာ shikamaru နဲ့ temari တိုက်ရတဲ့ အပိုင်းလေးမှာ shikamaru အဲလိုနည်းလေးသုံးခဲ့ပါတယ်)...ရန်သူအများကြီးနဲ့ ရင်ဆိုင်ရလို့ အကုန်လုံးကို တစ်ပြိုင်နက် ထိန်းချုပ်ချင်ရင်လည်း ကိုယ့်အရိပ်ကို အဘက်ဘက်ကိုပွားထွက်အောင် လုပ်နိုင်ပါတယ်တဲ့....

ဒါပေမဲ့ ဒီဂျူဆုကို ထပ်ခါထပ်ခါသုံးရင် အသုံးပြုသူကိုပင်ပန်းစေပါတယ်..သုံးနေတဲ့သူက အချိန်ကြာလာတာနဲ့အမျှ အရိပ်ကိုထိန်းချုပ်နိုင်စွမ်းကတစ်ဖြည်းဖြည်းလျော့နည်းလာပါတယ်...ချုပ်ထားတဲ့ ရန်သူကကိုယ့်ထက်အင်အားကြီးရင် ချုပ်ထားတဲ့ အရိပ်ကနေလွတ်အောင် လုပ်နိုင်တယ်တဲ့..သဘောကတော့ ရန်သူကိုကြာရှည်မချုပ်ထားနိုင်ဘူးပေါ့....shikamaru ဆိုရင်သူ genin အဆင့်တုန်းက ၅ မိနစ်ထက်ပိုပြီး မသုံးနိုင်ပါဘူး...နောက်သတိထားရမယ့်အချက်တစ်ခုက လုံလောက်တဲ့ အလင်းရောင်မရတော့လို့ ကိုယ်ကအရိပ်မထွက်နိုင်တော့ဘူးဆိုတာနဲ့ အဲဒီဂျူဆုကိုမသုံးနိုင်တော့ပါဘူး..အထူးသဖြင့် ညမှောင်လာတာနဲ့ အရိပ်မထွက်တော့ဘူးလေ..အဲဒီအခါမျိုးဆို သုံးနေရင်းရနေတောင်ပျက်ပြယ်သွားနိုင်ပါတယ်တဲ့...

ဒီဂျူဆုကိုသုံးတဲ့သူတွေက Shikamaru နဲ့ Shikaku တို့သားအဖ,Nara Ensui (third division)...ပြီးတော့ game ထဲမှာ kakashi တောင်သုံးတယ်တဲ့..ဇာတ်လမ်းထဲမှာတော့ မသုံးနိုင်ဘူးထင်ပါတယ်..အပေါ်မှာပြောခဲ့သလိုပဲ Kagemane no jutsu က Hiden အမျိုးအစားဖြစ်တော့ sharingan နဲ့ copy ကူးလို့မှမရတာ..copy ninja kakashi လည်းမစွမ်းတော့ဘူးပေါ့ xP

shikamaru crazy Htinn Lin Ko အတွက်ပါ..ကျေနပ်လိမ့်မယ်ထင်ပါတယ်နော်..
fan တွေထဲမှာ ဂျူဆုအကြောင်းပဲဖြစ်ဖြစ် character တွေရဲ့ bio အကြောင်းပဲဖြစ်ဖြစ်သိချင်တာရှိရင် ပြောကြပါ...အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတင်ပေးပါ့မယ်../^_^\

*sakura*

No comments:

Post a Comment