Saturday, July 27, 2013

Four legs Jutsu (Kiba)

ခွေးသခင် Kiba ရဲ့မွေးနေ့မှာ admin sasuke က biography လေးတင်ပေးထားပါတယ်(မဖတ်ရသေးတဲ့သူတွေအတွက်ပါ) အခုကတော့ inuzuka ရဲ့ ဂျူဆုလေးတစ်ခု အကြောင်းပါ

Four Legs Technique (Shikyaku no jutsu) လို့ခေါ်တဲ့ ဒီဂျူဆုကို သုံးတဲ့သူဟာ တိရစ္ဆာန်တစ်ကောင်လိုမျိုး ပုံစံရော စိတ်ရော ပြောင်းလဲလာပါတယ်။သုံးနေတဲ့အချိန် သူတို့ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ chakra တွေနဲ့ လွှမ်းခြုံထားပြီး ခြေ ၂ချောင်း ကနေ ခြေ ၄ချောင်းအပေါ်ရပ်တည်တဲ့ လှုပ်ရှားမှုမျိုးပြောင်းလဲလာပါတယ်။ကြမ်းကြုတ်တယ်လို ထင်လာရတဲ့သူတို့ရဲ့ပုံစံတွေ,ခွေးနဲ့တူတဲ့ အစွယ်တွေ ခြေသည်းလက်သည်းတွေ ရှည်ထွက်လာပြီး မျက်လုံးတွေဟာ ပိုပြီး ရက်စက်တဲ့ပုံစံတွေကို မြင်ရတာနဲ့တင် ကြောက်စရာကောင်းတဲ့ ဂျူဆုပါ...

ဒီဂျူဆု ကိုသုံးခြင်းရဲ့ အကျိုးတွေက တော့ Inuzuka တစ်ယောက်ဟာ အရင်ကထက်ပိုလျင်မြန်လာမယ်..ခန္ဓာကိုယ်ဟာလည်း ပိုကြံ့ခိုင်ပြီး သန်မာလာမယ်။အဲဒီအစွမ်းတွေကို သုံးပြီး ရန်သူကိုတစ်ဟုန်ထိုးဝင်တိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်လွတ်ရုန်းပြီးပြေးနိုင်တယ်။Yellow Flash တို့ Raikage တို့လိုမျိုး high speed ရှိတဲ့ ninja တွေကလွဲရင် ရန်သူကို အထိနာအောင်တိုက်နိုင်တဲ့ လက်နက်မဲ့ တိုက်ခိုက်ခြင်းနည်း တစ်နည်းအားဖြင့် Taijutsu...အဲလို jutsu မျိုးကို ပိုင်ဆိုင်ထားတဲ့ အတွက် Inuzuka clan ကလူသိများတာဖြစ်ပါတယ်....

ဒီ ဂျူဆုကို သုံးတဲ့ သူတွေကတော့ kiba နဲ့ kiba အမ Hana,ပြီးတောူ့အမေ Tsume တို့ပါ ( တော်တော်များလို့မှတ်ရခက်နေမယ်ထင်ပါတယ်နော်  )

kiba's birthday မှာ birthday wish လုပ်လိုက်တယ်နော်...
"Happy Birthday Kiba"

fan တို့ကျေနပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်...character တွေရဲ့ bio တွေပဲဖြစ်ဖြစ် jutsu ပဲဖြစ်ဖြစ်သိချင် ရင် တင်ပေးပါတယ်နော်...

*sakura* /^_^\

No comments:

Post a Comment