Monday, October 28, 2013

Zetsu

Aktsuki ရဲ့  အစောဆုံးအဖွဲဝင်ထဲက တစ်ယောက်ဖြစ်သလို
Uchiha Obito ရဲ့  သစ္စာအရှိဆုံး ဘော်ဒါရောင်းရင်းကြီးတစ်ယောက်ဆိုလဲ
မမှားပါဘူး။ ဒါပေမယ့် Zetus ဆိုတာ တကယ်တော့ လူသားစစ်စစ်တစ်ယောက်တော့ မဟုတ်ဘူးဗျ။
Madara Uchiha က Konoha 1st Hokage ဖြစ်တဲ့ Hashirama နဲ့
သူသေကိုယ်သေတိုက်ပွဲအပြီး Hashiram ရဲ့  Living Cell တွေကနေ ဖန်တီးထားတဲ့
Living Clone တစ်ခုပါဘဲ။ ရှင်းရှင်းပြောရရင်တော့ Hashirama ရဲ့  incomplete
ပုံတူမျိုးပွားတစ်ခုပေါ့ဗျာ။ Zetsu ကို စပြီး ဖန်တီးတုန်းက အခုလိုမျိုး အမည်းတစ်ခြမ်း
အဖြူတခြမ်းမဟုတ်သေးဘူး။ အဲ့ဒီတုန်းက Zetsu ပုံက ကိုယ်ကျပ်ရေးကူးဝတ်စုံ အဖြူကြီးကို
တစ်ကိုယ်လုံးအပြည့် ၀တ်ထားတဲ့ ဖြူဖွေးဖွေး သတ္တ၀ါတစ်ကောင်ပုံစံ။ သူ့မှာ ထူးခြားတာ တစ်ခုရှိတယ်။
အဲ့ဒါက Zetsu ဆိုတဲ့ သတ္တ၀ါက အီးမပါ၊ သေးမပေါက်ဘူးဆိုဘဲ။


Madara ဟာ Hashirama နဲ့ ပြင်းထန်တဲ့ တိုက်ပွဲအပြီး သေလောက်နီးနီးကို ဒါဏ်ရာအပြင်းအထန်
ရသွားတယ်။ ဒါပေမယ့် အသက်ကလဲ ပြင်းသလို အကြံလဲကြီးတဲ့ Madara က လှိုင်ဂူလေးတစ်ခုထဲမှာ
တိတ်တိတ်လေး ပုန်းအောင်းရင်း အပြင်လောကရဲ့  အခြေအနေတွေကို သိဖို့အတွက် Zetus ကို
ဖန်တီးခဲ့တာလို့ ပြောရင်လဲရတာပေါ့။ Zetsu Clone တွေ အများကြီးကို နေရာအသီးသီး လွှတ်ထားပြီး
ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီဆိုတာကို တစ်ချိန်လုံး ထောက်လှမ်းနေခဲ့တာလေ။ ဒါကြောင့်မို့လို့
Obito တစ်ယောက် ကျောက်တုံးကြီးအောက်မှာ ပိမိပြီး သေမလိုဖြစ်တဲ့အခါ Madara က အချိန်မှီ
ကယ်ဆယ်နိုင်ခဲ့တာပေါ့။ ခန္ဒာကိုယ်တစ်ခြမ်းလုံး စုတ်ပြတ်သတ်သွားတဲ့ အိုဘီတိုကို Hashirama ရဲ့ 
Living Cell တွေနဲ့ဘဲ ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြီး ဖွင့်ဖြိုးလာအောင် လုပ်ပေးခဲ့တယ်။
သူ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေ လုံးဝ အကောင်း ပတိဖြစ်အောင် စောင့်ရင်းကနေ
ဘယ်နေရာမှန်းမသိတဲ့ လှိဏ်ဂူလေးတစ်ခုထဲမှာ အဘိုးကြီးတစ်ယောက်၊ လူမဟုတ်တဲ့
သတ္တ၀ါတကောင်နဲ့ အိုဘီတိုလေးဟာ လပေါင်းများစွာ အတူနေခဲ့ရတယ်။ ကြာလာတော့ အိုဘီတို နဲ့
Zetsu သူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့။

ဒီလိုနဲ့ တစ်နေ့ကြတော့ အိုဘီတိုရဲ့  သူငယ်ချင်း Kakashi & Rin ကို Kiri ရွာက နင်ဂျာတွေ အ၀ိုင်းခံ
ရကြောင်း Zetsu ရဲ့  ကိုယ်ပွားတစ်ခုကနေ သတင်းပို့လာတယ်။ အိုဘီတိုဟာ သွားကယ်ဖို့ စိတ်ပြင်းပြ
ပေမယ့် သူ့ရဲ့  ခန္ဒာကိုယ်က အပြည့်အ၀ မဖွံ့ ဖြိုးသေးတော့ ဂူကို ဘယ်လိုမှ ဖောက်ထွက်မရဘူး
ဖြစ်နေချိန် Zetsu က သူ့ရဲ့  ကိုယ်ပွားပုံစံတွေထဲက တစ်ခုဖြစ်တဲ့ ၀ဲကတော့ပုံစံ Zetsu ထဲကို အိုဘီတိုကို
ဝင်စေပြီး အကူအညီပေးခဲ့တယ်။ Rin ကို ဆုံးရှုံးလိုက်ရတဲ့ အိုဘီတိုဟာ မာဒါရာရဲ့  အကြံကို လက်ခံပြီး
ခုဏက ၀ဲကတော့ပုံ Zetsu ကြီးကို ၀တ် Kushina ကိုယ်ထဲက ကိုးမြှီးကြီးကို ထုတ်ပြီး ကိုနိုဟကို
အမှုန့်ခြေ၊ သူ့ကိုယ်သူ မာဒါရာဆိုပြီး Ame ရွာက Nagato တို့နဲ့ တွေ့ .... Akatuski အဖွဲ့ကို ဖွဲ့ ခဲ့တယ်။
အဲ့ဒီ အချိန်ကတည်းက Zetsu ဟာ အိုဘီအတွက် တဦးတည်းသော လူယုံလို့ ပြောလို့ရသလို၊ သစ္စာအရှိဆုံး
နောက်လိုက် တစ်ယောက်လဲ ဖြစ်ခဲ့တာပေါ့။

Zetsu ရဲ့  အမည်းရောင် ခန္ဒာကိုယ်တစ်ခြမ်းကတော့ မာဒါရာက သူသေခါနီး သူရဲ့  စိတ်ဝိညဉ်ကို
Zetsu ရဲ့  ခန္ဒာကိုယ်ထဲ ထည့်ကာ ကလုံးသဘောမျိုးဖန်တီးသွားခဲ့တာပါ။ ဒါကြောင်မို့ အဖြူရောင်
Zetsu က ပေါတောတောနဲ့ ပျော်ပျော်နေတတ်တဲ့ ပုံစံမျိုးဖြစ်ပြီး အမဲရောင် Zetsu ကတော့
အရာရာကို သိနေပြီး အေးစက်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။

Fouth Shinobi World war ကြီးဖြစ်တော့ Yamato ခန္ဒာကိုယ်ထဲက 1st Hokage ရဲ့  Living Cell
တွေရဲ့  အကူအညီနဲ့ Zetsu ဟာ ထောင်ပေါင်းများစွာသော ကိုယ်ပွားတွေကို ဖန်တီးကာ တိုက်ခိုက်ပါတော့တယ်။
ခုဏကပြောသလို Zetsu ဟာ ဂျု့ စုတွေကို ဘာတွေကို သိပ်မသုံးနိုင်ဘူး ဆိုပေမယ့် လူတစ်ယောက်ရဲ့ 
ချာကရာကို စုတ်ယူကာ အဲ့ဒီလူနဲ့ ချွတ်စွတ်တူတဲ့ ကိုယ်ပွားကို ဖန်တီးနိုင်တဲ့ အစွမ်းမျိုး ရှိတာကြောင့်
အဲ့ဒီ အားသားချက်နဲ့ စစ်ပွဲမှာ တိုက်ခိုက်တာပါဘဲ။ FSWW မှာ Zetsu ရဲ့  မူရင်းခန္ဒာကိုယ်ဟာ Sasuke ရဲ့  ဓါးချက်နဲ့
အသတ်ပျောက်သွားခဲ့ရတာကို ပြထားတာကြောင့် Zetsu သေပြီလို့ ပြောလို့ရပေမယ့် သေတော့ မသေချာပါဘူး။

Zetsu အကြောင်းကတော့ ဒီလောက်ပါဘဲ။ အားလုံး ကျေနပ်နိုင်ပါစေ။

#Shika

No comments:

Post a Comment