ကျနော်တို့ ဇာတ်လိုက်ကျော်ကြီး Uzumaki Naruto ရဲ့  အဓိပ္ပါယ်က
Uzumaki ဆိုတာ ၀ဲဂယက်ကို ဆိုလိုတာဖြစ်ပြီး Naruto ကတော့
ဂျပန်အစားအစားဖြစ်တဲ့ Ramen ထဲမှာ ထည့်စားရတဲ့ Kamaboko လို့ ခေါ်တဲ့ အစားအစာတမျိုး (တနည်းအားဖြင့်) ကျနော်တို့တွေ ပင်လယ်စာလို့ ခေါ်တဲ့ မုန့်တွေထဲက
စက်ဝိုင်းအရစ်လေး သုံးရစ်လေးနဲ့ ပန်းရောင် ဂဏန်းပြားလေးတွေပါဘဲ။ အဲ့ဒီ
စက်ဝိုင်းအရစ်လေး သုံးရစ်ဟာလဲ ၀ဲဂယက်လေးတွေကို ကိုယ်စားပြုတာဖြစ်ပြီး တနည်းအားဖြင့်တော့ Uzumaki ပါဘဲ။ ဒါကြောင့်
Uzumaki Naruto ဆိုတဲ့ နာမည် ၂ခုဟာ တခုနဲ့ တခု ဆက်စပ်မှုရှိတယ်လို့ ပြောရင်လဲ မမှားပါဘူး။
နောက်ပြီးဂျပန်နိုင်ငံမှာ Naruto ဆိုတဲ့ မြို့  ရှိတယ်ဆိုရင် ယုံကြမလား????
မယုံမရှိနဲ့ တကယ်ကို ရှိတာဗျို့ ။
ဂျပန်နိုင်ငံ ရှိခိုခုတိုင်း တိုခုရှိမခရိုင်မှာ တည်ရှိတာဖြစ်ပြီး လူဦးရေ
၆၁၅၂၂ ယောက် နဲ့ အကျယ်အ၀န်းကတော့ ၁၃၅.၄၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။
မတ်လ ၁၅ရက် ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့လဲ ဆိုပါတယ်။
Naruto မြို့ တင် ရှိတာ မဟုတ်ဘဲ Naruto မြို့ နဲ့ Awaji ကျွန်းကြားမှာရှိတဲ့
ရေလက်ကြားကိုလဲ နာရူတိုရေလက်ကြားရယ်လို့ အမည်တွင်ပြီး
အဲ့ဒီရေလက်ကြားမှာ မကြာခဏဖြစ်ပေါ်တတ်တဲ့ ၀ဲဂယက်လေးတွေကိုလဲ
ဒေသခံတွေက နာရူတိုဝဲဂယက်ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။
အဲ့ဒီဝဲဂယက်လေးတွေကို အစွဲပြုပြီး ပြုလုပ်ထားတာလားလို့တော့ မပြောတတ်ပေမယ့် နာရူတိုမြို့ လေးရဲ့  ဒေသခံအလံဟာလဲ အပြာရောင် နောက်ခံပုံမှာ စက်ဝိုင်းအရစ်လေးသုံးရစ်ပါတဲ့ Kamaboko ပုံလေးပါဘဲ။ တနည်းအားဖြင့် ပြောရရင်တော့ Uzumaki Clan ရဲ့  အမှတ်အသားလေးပေါ့။
နာရူတိုမြို့ လေးဟာ The Otsuka Museum of Art လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ
ပထမဦးဆုံးဖွင့်လှစ်ခဲ့တဲ့ ဗိသုကာပြတိုက်ကြောင့်လဲထင်ရှားပါတယ်။
တခြားထင်ရှားတဲ့ ဘုရားကျောင်းတွေလဲ တည်ရှိပြီး အလည်တခေါက်
သွားချင်တယ် ဆိုရင်တော့ ဒီ Website လိပ်စာလေးအတိုင်း သွားကြည့်လိုက်ကြပါနော်။
http://www.city.naruto.tokushima.jp/contents/foreign/english/index.html
( အခုတလော မအားလို့ သိပ်Active မဖြစ်နိုင်တာကို ဒီဆောင်းပါးလေးနဲ့ အဖတ်ဆည်လိုက်ပါတီ။ အားလုံးဘဲ ကျေနပ်မယ်လို့ ထင်ပါတယ်နော် )
#Shika
No comments:
Post a Comment