Manga ဆိုတဲ့ ဝေါဟာရကို ဂျပန်လူမျိုးများ ဖန်တီးသော ကာတွန်းဆိုပြီး အဘိဓါန်တွေမှာ ဘာသာပြန်ကြပါတယ်။
ဂျပန်မှာ သက်ငယ်သက်ကြီးမရွေး Manga ဖတ်ကြပြီး ရူးသွပ်မှုရာနှုန်းကလဲ
9 ကျော်ပါတယ်။ ၁၉၅၀ခုနှစ်ကနေ စတင်ပြီး ဂျပန်စာပေ ထုတ်လုပ်ရေး ဈေးကွက်မှာ နေရာယူလာတဲ့ Manga တွေဟာ ၂၀၀၇ ခုနှစ်မှာ ဒေါ်လာ ၃.၆ဘီလီယံ၊ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၅.၅ ဘီလီယံ လောက်အထိကို
ဈေးကွက်နေရာ ရရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံ တွင်းမှာတင် မဟုတ်ဘဲ နိုင်ငံတကာကို ဖြန့်ချီခဲ့ရမှာလဲ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဥရောပနဲ့ အရှေ့ အလယ်ပိုင်းမှာ
ဒေါ်လာ ၂၅၀ မီလီယံ၊ အမေရိကန်နဲ့ ကနေဒါတို့မှာလဲ ဒေါ်လာ ၁၇၅ မီလီယံ
လောက်အထိကို ဈေးကွက်ရရှိခဲ့တာပါ။
ဒါကြောင့်မို့လို့လဲ Manga ရေးဆွဲတဲ့ သူတွေဟာ အမျိုးအစား ပေါင်းများစွာကို
ရေးဆွဲလာကြပြီး action-adventure, romance, sports and games, historical drama, comedy, science fiction and fantasy, mystery, suspense, detective, horror, sexuality, and business/commerce တွေ အပြင် နောက်ထပ် အများကြီး ရှိနိုင်ပါသေးတယ်။
တက်သစ်စ Mangaka ( Menga ရေးဆွဲသူ ) တွေဟာ Manga Magazine ကြီးတွေမှာ အခန်းဆက် အနေနဲ့ စတင်ပါဝင်ခွင့် ရပြီး လူကြိုက်များ အောင်မြင်လာမယ်ဆိုရင်တော့ လုံးချင်းအနေနဲ့ ထုတ်ဝေခွင့် ရကြပါတယ်။ ( နာရူတိုရဲ့  Mangaka ဖြစ်တဲ့ Masashi Kishimoto ဟာလဲ ဒီနည်းအတိုင်းဘဲ
အောင်မြင်တဲ့ Mangaka တစ်ယောက်ဖြစ်လာခဲ့တာပါ။
အောက်ကပုံ ကတော့ ဂျပန် Manga ငှား/ရောင်းတဲ့ ဆိုင် တစ်ခုမှာ ရိုက်ထားတဲ့ ပုံဖြစ်ပြီး Manga အသစ် တစ်အုတ်ကို ယန်း ၄၀၀ ကနေ ၁၀၀၀ ( မြန်မာငွေ ၄၀၀၀ ကနေ ၁၀၀၀ ကျပ် <ခန့်မှန်းခြေ> ) ပေးရပြီး အငှားအနေနဲ့ ဖတ်မယ် ဆိုရင်တော့ ယန်း ၈၀၀ ဖိုးကို ၁၀အုတ်
( ၁ပတ်အတွင်း ) အငှား ဖတ်ယူလို့ ရပါတယ်။
(ကျနော် သိသလောက်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။ )
~@ Shikamaru Nara @~
No comments:
Post a Comment