Monday, October 28, 2013

Tobiramar Senju (Second Hokage)



Senju Clan ခေါင်းဆောင် Butuma Senju ရဲ့  သားလေးယောက်ရှိတဲ့ အထဲကဒုတိယမြောက်သား၊ ကိုနိုဟရွာကို စတင်တည်ထောင်သူ Hashirama Senju ရဲ့ ညီဖြစ်သူ Tobirama Senju ဟာ ငယ်စဉ်ကတည်းက ကိစ္စတစ်ခုကို ပြတ်ပြတ်သားသားနဲ့အစီအစဉ်တကျ လုပ်ဆောင်တတ်သူတစ်ယောက်ပါ။

အကိုဖြစ်တဲ့ Hashirama လို ကိုနိုဟရွာကိုချစ်တဲ့ စိတ်ကြီးမားပြီး လက်အောက်ငယ်သားတွေကို ဂရုတစိုက်အမြဲ ရှိသူဖြစ်ကာ အကိုနဲ့ မတူတဲ့တစ်ချက်ကတော့ ဆုံးဖြတ်ချက် ပြတ်သားမှုပါဘဲ။ရှီနိုဘီစစ်ကြီးထဲမှာ တိုက်ရင်းခိုက်ရင်း ကြီးပြင်းလာရသူတစ်ယောက်မို့ငယ်စဉ်ကတည်းကငြိမ်းချမ်းရေးကို မြတ်နိုးကန်ဖိုးထားသူတစ်ယောက်လဲဖြစ်ပါတယ်။


အကိုနဲ့ အတူ ကိုနိုဟရွာကိုအခက်အခဲ များစွာကြားကနေ ထူထောင်ခဲ့ကြပြီး အကိုဖြစ်သူ ဆုံးပါးသွားတဲ့အခါ ကိုနိုဟရွာရဲ့ ဟိုခါဂဲရာထူးကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။ အကိုဖြစ်သူရဲ့  ငယ်သူငယ်ချင်းဖြစ်သူMadara Uchiha ကို ယုံကြည်မှုမရှိတဲ့ လူတွေထဲမှာ ရှေ့ ဆုံးက ပါဝင်ပေမယ့် Uchiha Clan ကိုမုန်းတီးနေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ Madara ကိုနိုဟရွာကို စွန့်ခွာသွားအပြီးပြိုကွဲနေတဲ့ Uchiha Clan ကို သူ့ လက်ထက်မှာ ကိုနိုဟရဲတပ်ဖွဲ့ကို ဦးစီးစေပြီး ယုံကြည်မှုပေးခဲ့တာကသိသာစေပါတယ်။ သူ့ လက်ထက်မှာ ကိုနိုဟရဲတပ်ဖွဲ့ တစ်ခုတင်မကဘဲ ကိုနိုဟရဲ့  အမျိုးမျိုးသော အဖွဲအစည်းတွေကို စတင်လည်ပတ်စေခဲ့ပြီး အဲ့ဒီအထဲမှာ အခု နာရူတိုတဲ့ တက်ခဲ့ရတဲ့ ကိုနိုဟ နင်ဂျာအကယ်ဒမီကျောင်း၊ ANBU မြေအောက်အဖွဲအစည်းတွေအပြင် ချူးနင်းစာမေးပွဲကိုလဲ သူ့လက်ထက်မှာဘဲစတင်စေခဲ့တာပါ။

တစ်ဦးချင်းစွမ်းရည်ပိုင်းမှာလဲ အကိုဖြစ်သူ Hashirama နဲ့ မခြား စွမ်းရည်ထက်သူဖြစ်ပါတယ်။ Senju မျိုးနွယ်စုတွေ ဖြစ်တဲ့အတိုင်း မကုန်မခမ်းနိုင်တဲ့ ချာကရာကို ပိုင်ဆိုင်ပြီး အဲ့ဒီချာကရာကို ထိန်းချုပ်အသုံးချနိုင်မှုကလဲအံ့မခန်းပါဘဲ။ ဥပမာပြောရင် နံရံတခုကို ထိုးခြင်းပြုခြင်းမလုပ်ဘဲ ထိရုံသာထိထားပြီး သူ့ရဲ့  ချာကရာကိုလွှတ်ထုတ်ရုံနဲ့တင်အကွဲခွဲနိုင်ပါတယ်။ နောက်ပြီး Hand seal ၄၄ခုသုံးမှ ထုတ်လို့ရတဲ့ Water Release: Water Dragon Bullet Techniqueကို Hand Seal တစ်ချက်ထဲနဲ့တင် အသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ Tobirama ဟာ ငယ်စဉ်ကတည်းကချာကရာအာရုံခံစွမ်းအင် မြင့်မားသူတစ်ယောက်ပါ။ မြေကြီးကို လက်နဲ့ထောက်ရုံနဲ့ ရန်သူဟာ ဘယ်နားမှာရောက်နေလဲ အင်အားဘယ်လောက်ရှိသလဲ သိနိုင်သလို ရန်သူ့ရဲ့  ချာကရာအမျိုးအစားကိုလဲ ခွဲခြားနိုင်ပြီးဘယ်ကလန်ကလဲဆိုတာပါ အတိအကျခွဲခြားနိုင်သူတစ်ယောက်ပါဘဲ။


Water release နင်ဂျာတစ်ယောက် ဖြစ်တဲ့ Tobirama ဟာ ရေကို အသုံးပြုနိုင်မှု စွမ်းအင်ကလဲ မြင့်မားပါတယ်။3rd Hokage နဲ့ ခေါင်မိုးပေါ်မှာ ချတဲ့ အပိုင်းကို မှတ်မိကြဦးမှာပေါ့။ ရေလုံးဝမရှိတဲ့ စစ်မြေပြင်မှာ သူ့ ပါးစပ်ကနေရေထုတ်နိုင်ပြီး အဲ့ဒီထုတ်လိုက်တဲ့ ရေနဲ့တင် အမျိုးမျိုးသော Water Release Jutus တွေကို အသုံးပြုနိုင်သူတစ်ယောက်ပါဘဲ။ Water အသုံးပြုသူတစ်ယောက် ဖြစ်ပေမယ့် 4th Hogake ရဲ့  နာမည်ကြီး Jutsu ဖြစ်တဲ့Flying Thunder God Technique, နာရူတိုလက်စွဲ Shadow Clone Jutsu, Orochimaru ရဲ့ Summoning: Impure World Reincarnaiton (Edo' Tensei) အစရှိတဲ့ ဂျု့ စုတွေကို တီထွင်ခဲ့တဲ့နင်ဂျာကြီးတစ်ယောက်ပါဘဲ။ (Edo' Tensei ကိုတော့ သူကိုယ်တိုင်ထွင်ပြီး အန္ဒရယ်များတဲ့ ဂျု့ စုလို့သတ်မှတ်တဲ့ အတွက် Kinjitus အဖြစ် သတ်မှတ်ကာ ချိတ်ပိတ်ခဲ့ပါတယ်။ )

Taijutsu ကျွမ်းကျင်သလိုKenjutus လို့ခေါ်တဲ့ ဓါးအသုံးပြုမှုမှာလဲ တဖက်ကမ်းပါဘဲ။ Madara ရဲ့  ညီ Izuna နဲ့တိုက်ခိုက်တဲ့အခါ Izuna တစ်ယောက် Mangekyo' Sharingan ကို အသုံးမပြုခင် အချိန်အပိုင်းအခြားလေးမှာတင်Flying Thunder God Slash (Kenjutsu) နဲ့ Izuna ကို ဓါဏ်ရာရစေခဲ့တာကို ကြည့်ခြင်းဖြင့် Tobirama ရဲ့ လျင်မြန်မှုနဲ့ ဓါးရေးကျွမ်းကျင်မှုကို မြင်နိုင်ပါတယ်။ သူအသုံးပြုတဲ့ ဓါးနာမည်ကတော့ Sword of the Thunder God လို့ခေါ်တဲ့ လျှပ်စစ်စီးဓါးဘဲ ဖြစ်ပါတယ်။

ခုဏက ကျွန်တော် ပြောခဲ့သလို Tobirama ဟာ အိုင်ကျူအပိုင်းမှာတော့ သိပ်ကို ဆရာကျသူတစ်ယောက်ပါ။ဘယ်အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်လဲ? ဘယ်ရန်သူကို ဘယ်လိုမျိုး တိုက်ခိုက်သင့်သလဲဆိုတာကိုအသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်သူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက်တစ်ခုကတော့ ဒေါသကြီးပြီးစိတ်တိုလွယ်တာပါဘဲ။

သူ့ရဲ့  ဟိုခဂဲ သက်တမ်းတစ်လျှောက်မှာ ရွာကို ဖွံဖြိုးတိုက်တက်အောင် အမျိုးမျိုး စီမံကိန်းတွေ ချမှတ်ကာလုပ်ဆောင်ခဲ့သလို တခြားရွာတွေနဲ့လဲ ငြိမ်းခြမ်းရေးရဖို့လဲ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ခါ Komogakure ကSecond Raikage ဖြစ်သူနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေချိန် Komoရွာကဘဲ ရွှေညီအကိုလို့ ခေါ်တဲ့Kinkaku & Ginkaku တို့ ၂ယောက်ရဲ့  လုပ်ကြံခြင်းခံရပါတယ်။ Tobirama ဟာ အဲ့ဒီလုပ်ကြံမှုကနေအသက်မသေဘဲလွတ်မြောက်ခဲ့ပေမယ့် Komo ရွာရဲ့  Second Raikage သေဆုံးသွားခဲ့ရတာမို့ဘုမသိဘသိနဲ့ Kumo ရွာရဲ့  ရန်ငြိုးဖွဲ့ ခြင်းကို ခံရပါတော့တယ်။ ဒါကြောင့်မို့ ပထမရှီနိုင်ဘီစစ်အတွင်းမစ်ရှင်တစ်ခုမှာ Tobirama နဲ့ သူ့ရဲ့  Team ဖြစ်တဲ့ Hiruzen Sarutobi(3rd Hokage), Homura Mitokado, and Koharu Utatane (ဟိုခဂဲ အကြံပေး အဘိုးကြီး အဘွားကြီး ၂ယောက်)နဲ့အတူ Danzo' Shimura(ANBU leader), Shisui Uchiha ရဲ့  အဖေဖြစ်သူ Kagami Uchiha, Torifu Akimichi တို့ ၇ယောက်ဟာKumo ရွာရဲ့  အင်အားအကြီးဆုံး အယောက်၂၀တပ်စုလို့ခေါ်တဲ့ Kinkaku Forceရဲ့  ၀ိုင်းရံခြင်းကို ခံရပါတော့တယ်။သူတို့ အကုန်လုံးတော့ လွတ်မြောက်နိုင်ဖို့ မလွယ်တော့ဘူးဆိုတာ သိတဲ့ Tobirama ဟာ သူ့ တပည့်အရင်းဖြစ်တဲ့Hiruzen ကို 3rd Hokage အဖြစ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးရင်း သူ့ တပည့်တွေကို ကာဗာလုပ်ကာသူ့ အသက်ကိုသူ စတေးခံသွားခဲ့ပါတော့တယ်။ နောက်ဆုံးအချိန်ထိ သူ့ ရဲ့  အကွက်ကျကျ လုပ်ဆောင်မှု၊အမျှော်အမြင်ကြီးမှုတွေကို ပြသွားခဲ့တာပါဘဲ။

ခြုံပြောရရင်တော့ Tobirama ဆိုတာလဲ နင်ဂျာလောကမှာ အကိုဖြစ်သူ Hashirama နဲ့ မခြား အင်အားကြီးမားသူတစ်ယောက်၊ကိုနိုဟကို ချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့သူတစ်ယောက်၊ အစီတကျလုပ်ဆောင်တတ်ပြီးဆုံးဖြတ်ချက်ပြတ်သားကာ ကိုယ့်လက်အောက်ငယ်သားတွေကိုအသက်ပေးကာကွယ်တတ်တဲ့ ကိုနိုဟရွာရဲ့  ဂုဏ်ဆောင်Second Hokage ကြီးတစ်ယောက်ပါဘဲ။


တတ်သလောက် မှတ်သလောက် ဟိုကြည့်ဒီကြည့် ရေးသားလိုက်ပါတယ်။အားလုံးဘဲ ကျေနပ်နိုင်ပါစေဗျာ။
#Shika

1 comment: