Sunday, September 29, 2013

Byakugan



ဂျပန်လို အဖြူရောင်မျက်ဆန်လို့ အဓိပ္ပါယ်ရပြီး အင်္ဂလိပ်လိုကတော့

White Eyeball ပါ။

Sharingan, Rinnegan & Byakugan ကို Three Great Eye Techniques လို့လဲ ခေါ်ဝေါ်ပါတယ်။
Hyu'ga မျိုးနွယ်စုရဲ့  မွေးရာပါအမြင်အာရုံစွမ်းအားတစ်မျိုးဖြစ်ပြီး Byakugan ကို ပိုင်ဆိုင်တဲ့ လူရဲ့ မျက်လုံးတွေဟာ အသွင်သဏ္ဍာန်ကင်းမဲ့တဲ့ အဖြူရောင် မျက်လုံးတွေကို ပိုင်ဆိုင်ပြီး အသုံးပြုလိုက်တဲ့ အချိန်မှာ မျက်လုံးနားတစ်ဝှိုက်က သွေးကြောတွေဟာ
ဖောင်းကြွလာပါတယ်။
တခြားအမြင်စွမ်းအား၂ခုလို Byakugan ဟာ နှိုးထစရာ (Awaken) လုပ်စရာမလိုဘဲ Byakuganကို ပိုင်ဆိုင်ထားတဲ့
နင်ဂျာဟာ မွေးကတည်းက အသုံးပြုနိုင်စွမ်း ရှိပါတယ်။
Byakugan ရဲ့  အခြေခံစွမ်းအားကတော့ အသုံးပြုသူကို ၃၆၀*ပတ်လည်ကို မြင်နိုင်စွမ်းရှိပြီး ပင်မကျောရိုးရဲ့ 
ပထမဆုံး အဆစ်လေး တစ်နေရာကိုသာ မြင်နိုင်စွမ်းမရှိတာပါ။ ( neji vs kidomaru တိုက်ပွဲမှာ ဒီအားနည်းချက်ကို မြင်နိုင်ပါတယ်။)
ပုံမှန်အားဖြင့် မီတာ၅၀ပတ်လည်ကို မြင်နိုင်စွမ်းရှိပြီး အသုံးပြုသူရဲ့  စွမ်းအားပေါ်ကို မူတည်ပြီး ဒီထက်ပိုလည်း မြင်နိုင်ပါတယ်။ (ဇာတ်လမ်းထဲမှာNeji' ဟာ Chu'nin (middle ninja) အဆင့်မှာတင် မီတာ၈၀၀ကျော်ကို မြင်နိုင်စွမ်း ရှိပြီး Hinata ကတော့ Jonin (high ninja) အဆင့်မှာ ၁၀ကီလိုမီတာလောက်ကို မြင်နိုင်စွမ်းရှိပါတယ်။)
ဒုတိယစွမ်းအားကတော့ အရာဝတ္ထု အတားအဆီးတွေကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသလို မြူနှင်း၊မီးခိုးတွေကြားမှာလဲ
မြင်နိုင်စွမ်းရှိပါတယ်။
Byakugan ရဲ့  နောက်ဆုံးနဲ့ အသုံးအ၀င်ဆုံး စွမ်းအားကတော့ တခြားလူတစ်ယောက်ရဲ့  ခန္ဒာကိုယ်ထဲမှာ လည်ပတ်နေတဲ့
ချာကရာ စီးဆင်းနေပုံကို အသေးစိတ် မြင်နိုင်စွမ်းရှိခြင်းဖြစ်ပါတယ်။ ဒီအားသာချက်ကို အသုံးချပြီး Hyuga မျိုးနွယ်စုတွေဟာ
Ju'ken လို့ခေါ်တဲ့ Taijutsu တစ်မျိုးကို အသုံးပြုကြပါတယ်။ ဒီ Taijutsu ဟာ Guy အသုံးပြုတဲ့ Go'ken တိုက်ကွက်လို
အပြင်ပန်းဒါဏ်ရာ ရအောင် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ........... ရန်သူရဲ့  ချာကရာ စီးဆင်းရာ သွေးကြော လမ်းကြောင်းတွေကို
ထိချက်မှန်မှန်နဲ့ တိုက်ခိုက်ကာ အတွင်း ဒါဏ်ရာရအောင် တိုက်ခိုက်ခြင်းမျိုးပါ။
Byakugan ကို ကျွမ်းကျင်စွာ အသုံးချတတ်တဲ့ Users တွေကတော့ Tenketus လို့ခေါ်တဲ့ ခန္ဒာကိုယ်တစ်ခုလုံးက ချာကရာထွက်ရာ 361 Points ထိကိုမြင်နိုင်စွမ်းရှိပြီး အဲ့ဒီ Point တွေကို ပိတ်ပစ်နိုင်သလို ဖွင့်လဲဖွင့်ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။
Neji' နဲ့ Hiashi Hyu'ga တို့ရဲ့  Hakkesho' Kaiten & Hakke Rokuju'yon Sho' Jutus တွေဟာ ဒီ Points လေးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းမျိုးဖြစ်ပါတယ်။
Byakugan ရဲ့  ဆိုးကျိုးတစ်ခုကတော့ အချိန်အကြာကြီး အားစိုက်ပြီး အသုံးပြုတဲ့အခါ အမြင်မှားခြင်းတွေဖြစ်ပေါ်လာနိုင်တာပါဘဲ။

(ကျွန်တော် သိသလောက်လေး အားလုံးကိုမျှဝေလိုက်တာပါ။ အားလုံးဘဲ အဆင်ပြေပါစေနော်)

~@ Shikamaru Nara @~

No comments:

Post a Comment