Friday, August 2, 2013

Tsunade



ကိုယ်ရေးအကျဉ်း

Tsunade ကိုတော့ ကိုနိုဟရဲ့  လေးယောက်မြောက် ဟိုခဂဲ Hiruzen Sarutobi (သူမရဲ့  ဆရာ) သေဆုံးအပြီး
ရွာရဲ့  ငါးမြောက်ယောက် ဟိုခဂဲ တာဝန်ကို ယူထားတဲ့ ရှိနိုဘိ တစ်ယောက်ဆိုတာ သိကြမှာပါနော်။
ဆုနာ့ဒေးဟာ Senju Clan ကနေ ဆင်းသက်လာသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့  အဘွားတော်စပ်သူ
Hashirama Senju ရဲ့  ဇနီး Mito ကြောင့် Uzumaki Clan နဲ့လဲ ဆွေမျိုးမကင်းပြန်ပါဘူး။
Orochimaru, Jiraiya နဲ့ သူမတို့ သုံးယောက်ကို Three Legendary Shinobi တွေလို့ တင်စားခေါ်ဝေါ် ကြပြီး
Shinobi World မှာ ကာယစွမ်းအားအကြီးဆုံး ရှိနိုဘိ တစ်ယောက် တစ်ဖြစ်လဲ အတော်ဆုံး ဆေးနင်ဂျာတစ်ယောက်
အဖြစ်ပါ သတ်မှတ်ထားခြင်းခံရပါတယ်။

နောက်ခံဇာတ်ကြောင်း


ငယ်ငယ်လေးကတည်းက Hiem ( မင်းသမီးလေး ) လို့ အခေါ် ခံရတဲ့ ဆုနာ့ဒေးဟာ လောင်းကစား ၀ါသနာကို
ငယ်စဉ်ကတည်းက သူ့အဘိုး ( Hashimaru Senju ) ဆီက အမွေရရှိခဲ့တာပါ။ နင်ဂျာကျောင်းမှာ အဖွဲ့ လေးတွေ
ခွဲတော့ Jiraiya, Orochimaru တို့နဲ့ အတူ တစ်ဖွဲ့ တည်းကျခဲ့ ပြီး ငယ်ငယ်လေးကတည်းက Jiraiya နဲ့က ဆီနဲ့ရေလို
တကျက်ကျက်ပါဘဲ။

Jiraiya ရဲ့  ပြန်ပြောပြချက်အရ ရေပူစမ်းမှာ ရေချိုးနေတုန်း ဆုနာ့ဒေးကို ချောင်းကြည့်တာကို မိသွားလို့  သူမရဲ့ 
လက်စာမိသွားပြီး လက်၂ဖက်၊ နံရိုး ၆ချောင်းလောက် ကျိုးသွားသလို အတွင်းကလီစာတွေတောင် ကျေမွသွားခဲ့
ရကာ သေမလိုကို ဖြစ်ခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက အဲ့လို လက်စလက်န ပြင်းပြီး ဒေါသကြီးတဲ့ ရှိနိုဘိ တစ်ယောက်ပါ။


Second Shinobi World War မှာ အဲ့ဒီခေတ်ရဲ့  အင်အားအကြီးဆုံး နင်ဂျာတစ်ယောက်ဖြစ်တဲ့ Hanzo နဲ့ Konoha
Shinobi တွေနဲ့ အသေအကြေ တိုက်ခိုက်ကြရမှာ Jiraiya,Orochimaru & Tsunade တို့ သုံးယောက်သာ အသက်ရှင်ကျန်
တာမို့လို့ Three Legendary Shinobi ဆိုတဲ့ နာမည်ကို ရရှိခဲ့တာပါဘဲ။ ဒီစစ်ပွဲမှာ ဆုနာ့ဒေးဟာ Sasori ရဲ့  အဖွား
Chiyo' ရဲ့  ပြင်းထန်လှပါတယ် ဆိုတဲ့ အဆိပ်တွေကိုလဲ ဖြေနိုင်ခဲ့သလို ကိုနိုဟရဲ့  အောင်ပွဲဟာလဲ ဆုနာ့ဒေးရဲ့  ဆေးပညာ
စွမ်းရည်ဟာ အဓိကကျခဲ့တာကြောင့် သူမကို အတော်ဆုံး ဆေးနင်ဂျာတစ်ယောက် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါဘဲ။

သူမကို ဆေးနင်ဂျာတစ်ယောက် ဖြစ်လာစေတဲ့ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက ဟိုခဂဲ ဖြစ်ချင်တယ်လို့
ကြွေးကျော် နေတတ်တဲ့ Nawaki ဆိုတဲ့ သူမရဲ့  မောင်လေးကြောင့်ပါဘဲ။ တစ်ဦးတည်းသော မောင်လေးမို့ အရမ်းချစ်ခဲ့ပြီး
အသက် ၁၂ပြည့်တဲ့ နေ့မှာ အမှတ်တရအနေနဲ့ သူမရဲ့  အဘိုးဆီကနေ ရထားတဲ့ Crystal ဆွဲကြိုးလေးကို လက်ဆောင်
ပေးခဲ့ပေမယ့် နောက်တစ်နေ့မှာဘဲ တခြားရွာက နင်ဂျာတွေရဲ့  သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။


အဲ့ဒီအချိန်က စလို့ ဆုနာ့ဒေဟာ ဆေးပညာကို စိတ်ဝင်စားလာခဲ့ပြီး ကိုနိုဟရွာမှာလဲ ဆေးနင်ဂျာတွေကို ပိုမို မြေတောင်
မြှောက်ပေးဖို့ အကြံပေးခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့  အကြံကို ထောက်ခံတဲ့ Dan Kato' ဆိုတဲ့
နင်ဂျာလေး တစ်ယောက်ကတော့ ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒန် နဲ့ ဆုနာ့ဒေးဟာ ချစ်ကြိုက်သွားခဲ့ ကြပြန်ပါတယ်။
ဒန်ဟာလဲ သူမရဲ့  မောင်လေးလို ဟိုခဂဲဖြစ်ချင်တဲ့ အိမ်မက်ရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်တာကြောင့်  သူရဲ့  အိမ်မက်
အကောင်အထည်ပေါ်ပါစေ ဆိုပြီး သူမ အဘိုးရဲ့  လည်ဆွဲလေးကို လက်ဆောင် ပေးခဲ့ပြန်ပါတယ်။

ဒါပေမယ့်လဲ ဒီလည်ဆွဲကို လက်ဆောင်ရအပြီး မကြာခင်မှာဘဲ ဒန်တစ်ယောက် စစ်မြေပြင်မှာ သေဆုံးသွားခဲ့ရပြန်တာ
ကြောင့် ဒီလည်ဆွဲဟာ ဆုနာ့ဒေးကလွဲလို့ ဘယ်သူမှ ၀တ်လို့ မရတဲ့ ကြိမ်စာသင့် လည်ဆွဲတစ်ခုဖြစ်လာခဲ့ပါတော့တယ်။
သူမရဲ့  မောင်လေးနဲ့ ချစ်သူဒန် သေဆုံးသွားပြီးတဲ့ နောက်မှာတော့ သူမဟာ ရွာကို စွန့်ခွာပြီး တူမဖြစ်သူ Shizune နဲ့
အချစ်တော် အိမ်မွေးဝက်လေး Tonton ကို ခေါ်ဆောင်ကာ ရွာရိုးကိုးပေါက် လောင်းကစားလုပ်လိုက်၊ စိတ်ကူးပေါက်ရင်
ဆေးကုလိုက်နဲ့ သူမရဲ့  အချိန်တွေသာ ကုန်ဆုံးစေခဲ့ပါတော့တယ်။

No comments:

Post a Comment