Saturday, July 27, 2013

Kiba Inuzuka



ဒီနေ့ကတော့ Konoha မှ Ninja တယောက်ရဲ့မွေးနေ့ပါ..

သူကတော့ ကျနော်တို့ငယ်ငယ်က ( အခုထိကို Naruto စကြည့်ကာစ ကလေးငယ်တချို့ ) ခေါ်ခေါ်နေကြတဲ့ ခွေးသခင် Kiba ရဲ့မွေးနေ့ပါ..




Kiba က Inuzuka Clan ( Family ဆိုပိုမှန်ပါလိမ့်မယ်.. member က မိသားစု ၃ ယောက်ပဲ ရှိတဲ့အတွက်ကြောင့်ပါ) ရဲ့ Ninja တယောက်ပါ..

Inuzuka Family ဆိုတာ ပါးမှာ Red Fang လို့ခေါ်တဲ့ အနီရောင် အစွယ်အမှတ်အသားလေးတွေ (တက်တူးထိုးတာလား စတစ်ကာကပ်ထားတာလားတော့မသိပါ ) ပါကြတယ် ..
Inuzuka Member ဝင်တွေကတော့ မိခင် ဒေါ် Inuzuka Tsume, သမီ့း Inuzuka Hana နဲ့သား Inuzuka Kiba တို့ပဲဖြစ်ပါတယ်.. ( Member မှတ်ရတာအတော်လေးများသွားရင် ခွင့်လွှတ်ဗျာ.. xD )
Inuzuka Family ရဲ့ တိုက်ခိုက်ပုံကတော့ Ninken တွေကိုအဖော်လုပ်ပြီး ဖိုက်ကြတာပါ..
Ninken ဆိုတာက ခွေးကိုပြောတာပါ.. ဒါမဲ့ ရိုးရိုးခွေးနဲ့ မတူတဲ့ Ninja ခွေးပေါ့..
တချို့ ခွေးတွေက လူစကားပြောနိုင်တယ်..
ရေပေါ်လျှောက်နိုင်တယ်, ခြေရာခံတာတော်တယ်, တချို့ ဆို လူဆိုးကို ဖိုက်ဖို့ Technique တောင် ပြောပြပေးနိုင်တယ်...
Inuzuka တွေရဲ့ခွေးတွေက အဲ့လိုတွေတော့ မဟုတ်ဘူး.. ဖိုက်တင် မှာ ဂျွတ်တဲ့ခွေးတွေပေါ့.. အဲ့လိုခွေးတွေရဲ့ ဖိုက်တင် Style နဲ့ သူတို့ရဲ့ Technique တွေနဲ့ပေါင်းပြီး Jutsu အလန်းကြီးတွေနဲ့ဖိုက် ကြတာ....
Ninken တွေကို Summon နိုင်တဲ့သူလဲရှိသေးတယ် သူကတော့ Obito ရဲ့အချစ်တော်ကြီး Kakashi ပါ..(သူ့အကြောင်းကိုတော့ နောက်မှပဲ အေးဆေး တင်ပေးတော့မယ်ဗျာ.. ^^ )
Kiba ရဲ့အပေါင်းအဖော် Ninken ကတော့ Akamaru ပါ.. Akamaru ကို သူ Academy မဝင်ခင်သူ့အမေက ပေးခဲ့တာပါ..
အဲ့ ၂ ကောင်က တွေ့တွေ့ချင်ပဲ ခင်သွားကြပါတယ်.. သူ့အမေက ခွေးကိုပေးပြီးမှနောင်တတွေရပြီး စိတ်တွေဆိုးနေလေရဲ့..
ဘာကြောင့်လဲဆိုတော့ Academy မဝင်ခင် Training ရအောင် ဆိုပြီး လွှတ်ပေးထားတာကို ဟို ၂ ကောင် ကမြင်းပဲနေတာကိုး..
Kiba က Akamaru ကို အရမ်းချစ်တာ.. သူ့ကို ကာကွယ်ရမယ်ဆို ဘာဖြစ်ဖြစ် လုပ်ပလိုက်တာပဲ..
ဒီလိုနဲ့ Kiba တယောက် Academy ကိုရောက်လာရော..
Academy အစပိုင်းတုန်း က Kiba ကအတန်းမတက်ဖူး.. အမြဲတမ်း လစ်ပြီးတော့ Akamaru နဲ့ပဲဆော့နေတယ်..
ပိုဆိုးသွားတာက သူရယ် Choji,Naruto,Shikamaru ဒီလေးကောင် တခုံတည်းထိုင်ပြီးပေါင်းမိသွားတော့.. လေးယောက်ပေါင်း လောင်းကျော်သွားရော..
အတန်းလစ်.. လေ့ကျင်းရေးခန်းမထဲသွား ( လေ့ကျင့်မလို့မဟုတ် ) ဆရာ Iruka Omino စနောက်ပြီး ပျော်နေကြတာပေါ့..
တခါတလေ ပန်းခြံထဲသွားပြီး ကမြင်းကြတယ်.. အဲ့ဒီ ၃ ယောက်က Kiba ရဲ့ ရွာထဲက ပထမဆုံး သူငယ်ချင်း တွေဆိုလဲမှန်တယ်.. သူတို့ဟာ အမြဲတမ်းတယောက်နဲ့တယောက် ပြိုင်နေကြတယ်...
အဲ့လိုနဲ့ သူတို့ လေးယောက်က ခင်မင်မှုတွေ ပိုပို ကြီးလာတော့တာပေါ့...
အစပိုင်းမှာ Kiba က Team Mate တွေအပေါ် မလေ့မခန့် အမြဲတမ်းလုပ်တယ်. .
အထူးသဖြင့် Shino ကိုပေါ့..
Shino က အဖွဲ့လိုက်ဘာလုပ်ရမယ်ဆိုတာ ပြောတိုင်း Kiba က စိတ်ဆိုးပါလေရော..(ပုံမှန်အားဖြင့်တော့ အားလုံးသတိရှိကြလို့ ပြောတဲ့အခါတိုင်းပဲ.. )
Kiba ကသူ့ကိုယ်သူ Leader လို့ပဲအမြဲ မြင်နေတဲ့အတွက်ကြောင့်ပါ..
Kiba က Shino ရဲ့စွမ်းရည်တွေကိုလေးစားပါတယ် ဒါမဲ့ Team ရဲ့ Leader ဆိုတာထက် သူငယ်ချင်းတယောက်လိုပဲ သဘောထားတယ်..
နောက်ပိုင်းမှာ Hinata ကို အရမ်းခင်ပြီး အကိုတယောက် လိုကိုခင်သွားတယ်..
ပြီးတော့ Hinata ကို Naruto နဲ့ပတ်သတ်ပြီး တအားစတယ်.. Naruto နားရောက်ရင်ဘယ်လိုရှက်သွားတာ.. ဘာညာဆိုပြီး တော့ ပေါ့..
Kiba ကလဲ Naruto ကိုဆို အမြဲတမ်း ပြိုင်တယ် ..
အဲ့လို ပြိုင်ကြရင်း အမြဲတမ်း ဒေါသထွက်ရန်ဖြစ်နေကြတဲ့ ၂ ကောင်ပါ..
ဒါမဲ့ Naruto ကို စိတ်ထဲကနေတော့ ကျိတ် ပြီး ( ကြွေနေတာမဟုတ် ) လေးစားနေတာပါ..
သူ့လိုဖြစ်ချင်တယ်လို့လဲ ပြော တယ် တခါတရံ Naruto ကို လေးစားမှုလေးပြတတ်တယ်..
ပြီးတော့ Naruto နဲ့ပြိုင်ပြီး Hokage ဖြစ်ချင်တယ်လို့ ရည်မှန်းချက်ထားခဲ့တယ်..
Hokage ဖြစ်ချင်တယ်ဆိုတာ က ခုချိန်မှာ မဆန်းတော့ ပါဘူး .. " Hokage ဖြစ်ချင်တယ် " လို့ ပြောတဲ့စကားက အရမ်းရေပန်းစားနေတာကိုး..
( Manga ဖတ်ပြီးတဲ့ Fan တွေသိမှာပါ. . ဟို Sakura မကတောင် ထယောင်ပြီး Hokage လုပ်မယ်ပြောနေတယ် )..
အဲ့လိုရည်မှန်းချက်ထားတဲ့ Kiba ဟာ အခု လက်ရှိ တိုက်ပွဲဝင်နေတဲ့ Fourth Nija World War မှာ နာမည်ရအောင် ဖိုက် ပြီး သူ့ Hokage အိပ်မက် အတွက် ပထမ ခြေလှမ်းဖြစ်စေရမယ်လို့ ယုံကြည်နေပါတယ်..
ဒီတော့....War ကြီး ဘယ်လိုပြီးမယ် ဘယ်သူတွေ Hokage ဖြစ်မယ်ဆိုတာ ကို ဆက်လက်စောင့်စားကြတာ ပေါ့..

Kiba အကြောင်းကတော့ ဒီလောက်ပါပဲ ဗျာ.. အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်..
Manga ဖတ် တာ Anime ကြည့်တာဒီအထိ မရောက်သေးတဲ့ Fan တွေအတွက် Spoil သလိုဖြစ်သွားခဲ့ ရင် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ... ~ ^^

-Sasuke-

No comments:

Post a Comment