Thursday, July 25, 2013

Hyuuga Neji'


Konoha ရွာရဲ့  အထင်ကရမျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တဲ့ Hyuuga မျိုးနွယ်စုမှာ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက်
Hyuuga မျိုးနွယ်စုတွေရဲ့  အစဉ်အလာအတိုင်း Byakugen ကို ပိုင်ဆိုင်ထားပြီး ငယ်စဉ်ကတည်းက အရွယ်နဲ့မမျှအောင်
ထူးချွန်ထက်မြက်လွန်းသူ
အမွှာညီအကိုဆိုပေမယ့် မွေးဖွားချိန်နောက်ကျခဲ့တာမို့ Branch House မှာ အမှုတော်ထမ်းရတဲ့ အဖေဖြစ်သူက မွေးဖွားလာတဲ့လူမိုလို့
Branch House နွယ်ဝင်တွေရဲ့  ထုံးစံအတိုင်း နဖူးမှာ သေရာပါ ကြက်ခြေခေတ် စည်းတံဆိပ်ခတ်နှိပ်ခြင်း ခံထားရသူ
Branch House နွယ်ဝင်တွေရဲ့  တာဝန်အတိုင်း Main House ကို ကာကွယ်ရင်း အသက်ပေးသွားခဲ့ရတဲ့ အဖေဖြစ်သူကြောင့်
Main House ကို စိတ်အကြီးအကျယ်နာကာ ငယ်စဉ်ကတည်းက အမုန်းတရားများစွာကို ရင်ဘတ်ထဲမှာ သိုဝှက်ထားခဲ့သူ
သိပ်တော်သိပ်တတ်လွန်းသူတွေရဲ့  ထုံးစံအတိုင်း ပညာမာနသိပ်ကြီးပြီး ကိုယ့်လောက်မတော်တဲ့ နင်ဂျာတွေကို အထင်တစ်စက်မှ မကြီးသလို
ကိုယ့်ထက်တော်တဲ့ နင်ဂျာကိုလဲ ဗျောင်စိန်ခေါ်ရဲတဲ့ Genius တစ်ယောက်
Team Guy အဖွဲ့မှာ အဖွဲဝင်ဖြစ်တော့ Ninjutsu အသုံးမပြုနိုင်တဲ့ Rock Lee လို ကောင်မျိုးက နင်ဂျာဖြစ်နိုင်စရာ အကြောင်းလုံးဝမရှိဘူးဆိုပြီ
Lee ကို အမြဲချိုးချိုးနှိမ်နှိမ် စကားမျိုးတွေ ပြောတတ်သလို
Chuunin Exam ဖြေကြတော့ သူ့ရဲ့  ညီမတစ်ဝမ်းကွဲဖြစ်သူ Hinata နဲ့ ယှဉ်ပြိုင်ရတဲ့အခါ "ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းလွန်းပြီး ဒီလောက်ပျော့ညံ့နေတဲ့ မိန်းမတစ်ယောက်က
နင်ဂျာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးမရှိဘူး။ ဒီနေရာမှာတင် ရပ်လိုက်တာကောင်းမယ်" ဆိုပြီး ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့ အကိုဝမ်းကွဲတစ်ယောက်
တဖြစ်လဲ Hyuuga Neji' ဟာ " လူတစ်ယောက် မွေးဖွားလာကတည်းက သတ်မှတ်ပြီးသား ကံကြမ္မာဟာ
ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ပြောင်းလဲပစ်လို့မရဘူး" ဆိုတဲ့ ဆောင်ပုဒ်ကို အမြဲလက်ကိုင်ထားခဲ့တဲ့ အဓိက ဇာတ်ကောင်ကောင်းတစ်ယောက်ပါဘဲ။

Chuunin Exam မှာ Naruto Uzumaki နဲ့ ယှဉ်ပြိုင်ရတဲ့အခါ " မင်းလို မွေးကတည်းက မကောင်းဆိုဝါးနဲ့ ဖက်ပြီး မွေးဖွားလာရတဲ့ လူ့ချဉ်ဖတ်တစ်ကောင်က
Hokage ဖြစ်လာရမယ်ဆိုပြီး ကြွေးကြော်နေရအောင် ကိုယ့်ကံကြမ္မာကို ပြောင်းလဲပစ်နိုင်စရာ လုံးဝမရှိဘူး။ ငါ့လိုမျိုး Genius တစ်ယောက်ကိုလဲ တစ်သက်လုံး
နိုင်မှာမဟုတ်ဘူး" ဆိုပြီး သူ့ယုံကြည်ချက်အတိုင်း Naruto အပေါ် အထင်အမြင်သေး စကားတွေ ပြောဆိုခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ အရှုံးမပေးစတမ်း
တိုက်ပွဲဝင်တတ်တဲ့ Naruto ရဲ့ လက်သီးချက်အောက်မှာ ဒူးထောက်အရှုံးပေးလိုက်ရပါတယ်။

" လူတစ်ယောက်ရဲ့  ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ဆိုတာ အဲ့ဒီလူရဲ့  လက်ထဲမှာဘဲရှိတယ်။ ငါ့လိုမျိုး လူ့အမှိုက်ကောင်ကတောင် ဒီတိုက်ပွဲရဲ့  ရလဒ်ကို ပြောင်းလဲပစ်နိုင်ရင်
မင်းလို Genius တစ်ယောက်က မင်းရဲ့  ကံကြမ္မာကို ဘာဖြစ်လို့ မပြောင်းလဲပစ်နိုင်ရမှာလဲ" ဆိုတဲ့ Naruto ရဲ့  စကားဟာ Neji'ရဲ့  အရှိုက်ကို တည့်တည့်ထိစေခဲ့ပြီး
ပြိုင်ပွဲအပြီး သူ့ဦးလေးဖြစ်သူ (Hinita အဖေ) က သူ့အဖေသေဆုံးရခြင်းနဲ့ ပတ်သတ်လို့ အဖြစ်မှန်ကို ရှင်းပြပြီးတဲ့ နောက်မှာတော့ Neji' တစ်ယောက် အမှောင်ထဲကနေ
အလင်းကို မြင်လာကာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။

Chuunin က Jo'nin အဆင့်ထိ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ Neji'ဟာ Fourth Shinobi World War မှာတော့ Naruto ကို Ten-tails ရဲ့  တိုက်ခိုက်မှုကနေ အသက်ပေး
ကာကွယ်ဖို့ ကြိုးစားတဲ့ Hinata ရဲ့  ရှေ့ ကနေ ၀င်ခံပြီး အသက်ပေးသွားခဲ့ပါတယ်။ ဒါဟာ သူငယ်ဘ၀ကတည်းက တောက်လျှောက် မုန်းတီးလာခဲ့တဲ့ သူ့ရဲ့ ညီမတစ်ဝမ်းကွဲ
အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ ချစ်မေတ္တာကို ပြသွားတာဖြစ်သလို ဒီစစ်ပွဲကြီးကို ရပ်တန့်နိုင်မယ့်လူဟာလဲ Naruto တစ်ယောက်ဘဲ ရှိတယ် ဆိုတဲ့ သူ့ရဲ့  Naruto အပေါ်ထားတဲ့
ယုံကြည်မှုကို ပြသကာ အသေခံသွားခဲ့တာပါဘဲ။

~ Hinata ~

No comments:

Post a Comment