Gentle Fist ( Neji' Hyuuga)
neji အပါအဝင် hyūga မျိုးနွယ်ဝင်တွေသုံးတဲ့ Gentle Fist ဆိုတဲ့ jutsu လေးအကြောင်းသိသလောက်ပါ...Gentle Fist လို့ခေါ်တဲ့ jutsu ရဲ့အဓိကဦးတည်ပြီးတိုက်ခိုက်တဲ့နေရာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Chakara Pathway လို့ခေါ်တဲ့ chakara တွေစီးဆင်းနေတဲ့ အကြောလေးတွေပေါ့...အဲဒီ chakara တွေ စီးနေတဲ့ အကြောလေးတွေကို ရိုးရိုးမျက်စိနဲ့မ မြင်နိုင်ဘူး..uchiha တွေရဲ့ sharingan မျက်လုံးနဲ့တောင်မမြင်နိုင်ပါဘူးတဲ့..chakara အကြောတွေကို အဓိကထားပြီးတိုက်တဲ့ ဂျူဆုဖြစ်လို့ အဲဒီ အကြောတွေကိုမြင်နိုင်တဲ့ byakugan မျက်လုံးရှိမှ အဆင်ပြေပါလိမ့်မယ်..byakugan မျက်လုံးကတော့ အားလုးံသိကြတဲ့အတိုင်းပဲ hyūga clan ရဲ့ unique ဖြစ်လို့ gentle fist style ဟာ hyūga clan ရဲ့ signature style ဆိုရင်လည်းမမှားပါဘူး...
Gentle Fist ဂျူဆုနဲ့ တိုက်ခိုက်တဲ့သူ က သူ့ chakara အချို့ကို တစ်ဖက်ရန်သူရဲ့ chakara အကြောတွေကို ထိအောင် ခန္ဓာကိုယ်ရဲ့ ပြင်ပကရိုက်ပေးရတယ်....အဲလိုလုပ်လိုက်ပြီဆိုတာနဲ့ တစ်ဖက်ရန်သူရဲ့ စီးဆင်းနေတဲ့ chakara အကြောတစ်လျှောက်ကို ထိခိုက်သွားပြီး ပတ်ပတ်လည်မှာရှိတဲ့ တွင်းအဂါင်္တွေကိုတောင်ထိခိုက်စေနိုင်ပါတယ်..ခပ်ပျော့ပျော့ရိုက်ချက်လေးတွေတောင်မှ ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေရစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ဂျူဆုပါ..
ဒီဂျူဆုရဲ့ နောက်အစွမ်းတစ်ခုကတော့ chakara နဲ့လုပ်ထားတဲ့ ဘယ်အရာဝတ္ထုကိုမဆို ဖျက်ဆီးပစ်နိုင်ပါတယ်..sasuke ရွာကထွက်သွားပြီးနောက် shikamaru,naruto,neji,kiba နဲ့ choji တို့အုပ်စု လိုက်ခေါ်တဲ့ အပိုင်းလေးတွေမှတ်မိမယ်ထင်တယ်...အဲဒီမှာ neji နဲ့ orochimaru ရဲ့တပည့်ကျော်ကြီး kidomaru နဲ့တိုက်တော့ kidomaru ရဲ့chakara သုံးပြီး လုပ်ထားတဲ့ ပင့်ကူမျှင်တွေကို neji Gentle Fist သုံးပြီးဖြတ်ခဲ့တဲ့ အခန်းလေးမှာကြည့်နိုင်ပါတယ်...(naruto ကို shippuden ကစကြည့်ခဲ့တဲ့ fan တွေမသိလောက်ဘူး)
ဒီဂျူဆုကိုသုံးတဲ့သူတွေက တော့ Neji နဲ့ neji အဖေ Hizashi,Hinata နဲ့ သူ့အဖေ Hiashi,နောက်ပြီး Hinata ရဲ့ ညီမလေးတောင်သုံးပါတယ်တဲ့ရှင် (anime တို့ manga တို့မှာတော့မပါသေးပါဘူး..game ထဲမှာပြောတာပါ xP)
Gentle Fist ကအခြေခံ ဂျူဆုပေါ့ ..အဲဒီကခွဲထွက်သွားတဲ့ jutsu တွေအများကြီးရှိပါတယ်(အရမ်းများလို့မရေးပေးတော့ပါဘူး..သိချင်တဲ့သူရှိရင်တော့ ပြောပြပါ့မယ်)
အဲလောက်ဆိုလုံလောက်ပြီထင်ပါတယ်နော်..တကယ်လို့ သိထားတာနဲ့လွဲနေခဲ့ရင် ပြောကြပါ...
p.s_ ကူညီပေးခဲ့တဲ့ admin shikamaru ကိုကျေးဇူးအရမ်းတင်ပါတယ် /^_^\
*sakura*
No comments:
Post a Comment