Monday, October 28, 2013

Zetsu

Aktsuki ရဲ့  အစောဆုံးအဖွဲဝင်ထဲက တစ်ယောက်ဖြစ်သလို
Uchiha Obito ရဲ့  သစ္စာအရှိဆုံး ဘော်ဒါရောင်းရင်းကြီးတစ်ယောက်ဆိုလဲ
မမှားပါဘူး။ ဒါပေမယ့် Zetus ဆိုတာ တကယ်တော့ လူသားစစ်စစ်တစ်ယောက်တော့ မဟုတ်ဘူးဗျ။
Madara Uchiha က Konoha 1st Hokage ဖြစ်တဲ့ Hashirama နဲ့
သူသေကိုယ်သေတိုက်ပွဲအပြီး Hashiram ရဲ့  Living Cell တွေကနေ ဖန်တီးထားတဲ့
Living Clone တစ်ခုပါဘဲ။ ရှင်းရှင်းပြောရရင်တော့ Hashirama ရဲ့  incomplete
ပုံတူမျိုးပွားတစ်ခုပေါ့ဗျာ။ Zetsu ကို စပြီး ဖန်တီးတုန်းက အခုလိုမျိုး အမည်းတစ်ခြမ်း
အဖြူတခြမ်းမဟုတ်သေးဘူး။ အဲ့ဒီတုန်းက Zetsu ပုံက ကိုယ်ကျပ်ရေးကူးဝတ်စုံ အဖြူကြီးကို
တစ်ကိုယ်လုံးအပြည့် ၀တ်ထားတဲ့ ဖြူဖွေးဖွေး သတ္တ၀ါတစ်ကောင်ပုံစံ။ သူ့မှာ ထူးခြားတာ တစ်ခုရှိတယ်။
အဲ့ဒါက Zetsu ဆိုတဲ့ သတ္တ၀ါက အီးမပါ၊ သေးမပေါက်ဘူးဆိုဘဲ။


Madara ဟာ Hashirama နဲ့ ပြင်းထန်တဲ့ တိုက်ပွဲအပြီး သေလောက်နီးနီးကို ဒါဏ်ရာအပြင်းအထန်
ရသွားတယ်။ ဒါပေမယ့် အသက်ကလဲ ပြင်းသလို အကြံလဲကြီးတဲ့ Madara က လှိုင်ဂူလေးတစ်ခုထဲမှာ
တိတ်တိတ်လေး ပုန်းအောင်းရင်း အပြင်လောကရဲ့  အခြေအနေတွေကို သိဖို့အတွက် Zetus ကို
ဖန်တီးခဲ့တာလို့ ပြောရင်လဲရတာပေါ့။ Zetsu Clone တွေ အများကြီးကို နေရာအသီးသီး လွှတ်ထားပြီး
ဘယ်နေရာမှာတော့ ဘာဖြစ်နေပြီဆိုတာကို တစ်ချိန်လုံး ထောက်လှမ်းနေခဲ့တာလေ။ ဒါကြောင့်မို့လို့
Obito တစ်ယောက် ကျောက်တုံးကြီးအောက်မှာ ပိမိပြီး သေမလိုဖြစ်တဲ့အခါ Madara က အချိန်မှီ
ကယ်ဆယ်နိုင်ခဲ့တာပေါ့။ ခန္ဒာကိုယ်တစ်ခြမ်းလုံး စုတ်ပြတ်သတ်သွားတဲ့ အိုဘီတိုကို Hashirama ရဲ့ 
Living Cell တွေနဲ့ဘဲ ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြီး ဖွင့်ဖြိုးလာအောင် လုပ်ပေးခဲ့တယ်။
သူ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေ လုံးဝ အကောင်း ပတိဖြစ်အောင် စောင့်ရင်းကနေ
ဘယ်နေရာမှန်းမသိတဲ့ လှိဏ်ဂူလေးတစ်ခုထဲမှာ အဘိုးကြီးတစ်ယောက်၊ လူမဟုတ်တဲ့
သတ္တ၀ါတကောင်နဲ့ အိုဘီတိုလေးဟာ လပေါင်းများစွာ အတူနေခဲ့ရတယ်။ ကြာလာတော့ အိုဘီတို နဲ့
Zetsu သူငယ်ချင်းတွေ ဖြစ်သွားကြတာပေါ့။

ဒီလိုနဲ့ တစ်နေ့ကြတော့ အိုဘီတိုရဲ့  သူငယ်ချင်း Kakashi & Rin ကို Kiri ရွာက နင်ဂျာတွေ အ၀ိုင်းခံ
ရကြောင်း Zetsu ရဲ့  ကိုယ်ပွားတစ်ခုကနေ သတင်းပို့လာတယ်။ အိုဘီတိုဟာ သွားကယ်ဖို့ စိတ်ပြင်းပြ
ပေမယ့် သူ့ရဲ့  ခန္ဒာကိုယ်က အပြည့်အ၀ မဖွံ့ ဖြိုးသေးတော့ ဂူကို ဘယ်လိုမှ ဖောက်ထွက်မရဘူး
ဖြစ်နေချိန် Zetsu က သူ့ရဲ့  ကိုယ်ပွားပုံစံတွေထဲက တစ်ခုဖြစ်တဲ့ ၀ဲကတော့ပုံစံ Zetsu ထဲကို အိုဘီတိုကို
ဝင်စေပြီး အကူအညီပေးခဲ့တယ်။ Rin ကို ဆုံးရှုံးလိုက်ရတဲ့ အိုဘီတိုဟာ မာဒါရာရဲ့  အကြံကို လက်ခံပြီး
ခုဏက ၀ဲကတော့ပုံ Zetsu ကြီးကို ၀တ် Kushina ကိုယ်ထဲက ကိုးမြှီးကြီးကို ထုတ်ပြီး ကိုနိုဟကို
အမှုန့်ခြေ၊ သူ့ကိုယ်သူ မာဒါရာဆိုပြီး Ame ရွာက Nagato တို့နဲ့ တွေ့ .... Akatuski အဖွဲ့ကို ဖွဲ့ ခဲ့တယ်။
အဲ့ဒီ အချိန်ကတည်းက Zetsu ဟာ အိုဘီအတွက် တဦးတည်းသော လူယုံလို့ ပြောလို့ရသလို၊ သစ္စာအရှိဆုံး
နောက်လိုက် တစ်ယောက်လဲ ဖြစ်ခဲ့တာပေါ့။

Zetsu ရဲ့  အမည်းရောင် ခန္ဒာကိုယ်တစ်ခြမ်းကတော့ မာဒါရာက သူသေခါနီး သူရဲ့  စိတ်ဝိညဉ်ကို
Zetsu ရဲ့  ခန္ဒာကိုယ်ထဲ ထည့်ကာ ကလုံးသဘောမျိုးဖန်တီးသွားခဲ့တာပါ။ ဒါကြောင်မို့ အဖြူရောင်
Zetsu က ပေါတောတောနဲ့ ပျော်ပျော်နေတတ်တဲ့ ပုံစံမျိုးဖြစ်ပြီး အမဲရောင် Zetsu ကတော့
အရာရာကို သိနေပြီး အေးစက်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။

Fouth Shinobi World war ကြီးဖြစ်တော့ Yamato ခန္ဒာကိုယ်ထဲက 1st Hokage ရဲ့  Living Cell
တွေရဲ့  အကူအညီနဲ့ Zetsu ဟာ ထောင်ပေါင်းများစွာသော ကိုယ်ပွားတွေကို ဖန်တီးကာ တိုက်ခိုက်ပါတော့တယ်။
ခုဏကပြောသလို Zetsu ဟာ ဂျု့ စုတွေကို ဘာတွေကို သိပ်မသုံးနိုင်ဘူး ဆိုပေမယ့် လူတစ်ယောက်ရဲ့ 
ချာကရာကို စုတ်ယူကာ အဲ့ဒီလူနဲ့ ချွတ်စွတ်တူတဲ့ ကိုယ်ပွားကို ဖန်တီးနိုင်တဲ့ အစွမ်းမျိုး ရှိတာကြောင့်
အဲ့ဒီ အားသားချက်နဲ့ စစ်ပွဲမှာ တိုက်ခိုက်တာပါဘဲ။ FSWW မှာ Zetsu ရဲ့  မူရင်းခန္ဒာကိုယ်ဟာ Sasuke ရဲ့  ဓါးချက်နဲ့
အသတ်ပျောက်သွားခဲ့ရတာကို ပြထားတာကြောင့် Zetsu သေပြီလို့ ပြောလို့ရပေမယ့် သေတော့ မသေချာပါဘူး။

Zetsu အကြောင်းကတော့ ဒီလောက်ပါဘဲ။ အားလုံး ကျေနပ်နိုင်ပါစေ။

#Shika

Uchiha Itachi

Uchiha Clan က Mikoto & Fugaku Uchiha တို့က မွေးဖွားတဲ့ သားအကြီးဆုံး......
Clan တစ်ခုလုံးမှာ အထူးချွန်ဆုံး Genius တစ်ယောက်အဖြစ် ချီးမြှောက်ခံရသူ.... Clan တစ်ခုလုံးက
ရွယ်တူတွေနဲ့ ယှဉ်တိုင်း အမြဲ ခေါင်းတစ်လုံ သာနေတတ်သူ Uchiha Itachi။
သိပ်ကို သိုဝှက်တတ်သူဖြစ်တာကြောင့် သူ့ကို နားလည်နားတဲ့လူက ရှားရှားပါးပါးဘဲပေါ့။ Third Shinobi
World War ဖြစ်တော့ အိတာချီရဲ့  အသက်ဟာ ၄နှစ်ဘဲ ရှိသေးပြီး စစ်ကြီးမှာ လူတွေ တိုက်ကြ ခိုက်ကြ
သေကြေကြတာကို မျက်မြင်ကိုယ်တွေ့  ကြုံခဲ့ရတာမို့ ငယ်ငယ်လေးကတည်းက စစ်ကို မုန်းတီးစက်ဆုတ်စွာ
ကြီးပြင်းလာခဲ့သူပါ။ အဲ့လို အသက်ငယ်ငယ်လေးကတည်းက ကိုနိုဟရွာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတွေကို
ခဲရာခဲဆစ်ရှာဖွေ လေ့လာခဲ့ပြီး ကိုယ်ရွာကိုယ် ချစ်တဲ့စိတ် ပြင်းထန်သူ တစ်ယောက်ဆိုလဲ မမှားပါဘူး။
( 1st Hokage လိုပေါ့ )

ငယ်ငယ်လေးကတည်းက တစ်ဦးတည်းသော ညီလေးဖြစ်တဲ့ ဆာဆုကဲကိုလဲ အလွန်ချစ်ပြီး
ကိုးမြှီးကောင်ကြီး ကိုနိုဟကို တိုက်ခိုက်တုန်းကလဲ အိတာချီဟာ တစ်ယောက်တည်း သူ့ ညီကို
ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။
အသက် ၇နှစ်အရွယ်မှာဘဲ နင်ဂျာအကယ်ဒမီကို တစ်ကျောင်းလုံး ပထမနဲ့ အောင်မြင်ခဲ့ပြီး
အသက် ၈နှစ် အရွယ်မှာဘဲ Sharingan ကို ကောင်းကောင်းကြီး အသုံးပြုနိုင်နေပါပြီ။ ၁၀နှစ်သား
အရွယ်မှာ ချူးနင်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး နှစ်ဝက်လောက်အကြာမှာတော့ ANBU ထဲကို
ရောက်ရှိကာ အသက် ၁၃နှစ် အရွယ်မှာဘဲ ကပ္ပတိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ Uchiha Clan ဟာ ကိုနိုဟရွာကို သစ္စာဖောက်ကာ တိုက်ခိုက်ဖို့ ကြံစည်တော့ အိတာချီကို
ANBU တစ်ယောက် အနေနဲ့ ရွာရဲ့  အတွင်းရေးတွေကို ထောက်လှမ်းဖို့ Clan က တာဝန်ပေးပါတယ်။
ဒါပေမယ့် ငယ်စဉ်ကတည်းက စစ်ကို ရွံမုန်းတဲ့ အိတာချီက ကိုနိုဟ နဲ့ Uchiha တိုက်ခိုက်ကြရင်
မပြီးဆုံးနိုင်တဲ့ စစ်ကြီး ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အေးရာအေးကြောင်း ပြေငြိမ်းသွားအောင်
Uchiha အတွင်းရေးတွေကို Third Hokage ဆီကို အစီရင်ခံနေခဲ့ပါတယ်။ Third Hokage ကလဲ
အိတာချီကို Uchiha က ကိုနိုဟကို မတိုက်ဖို့အတွက် ဖြောင်းဖြဖို့ တာဝန်ပေးအပ်ခဲ့ပေမယ့်
Uchiha ကို မုန်းတီးနေတဲ့ ANBU ရဲ့  ဦးဆောင်သူ Danzo က အိတာချီကို တိတ်တဆိတ် ခေါ်တွေ့ ပါတယ်။
အိတာချီဟာ ငြိမ်းချမ်းရေးကိုလဲ လိုလားသလို သူ့ ညီကိုလဲ သိပ်ချစ်မှန်းသိတာကြောင့် Danzo က
သူ့ Clan က လူတွေနဲ့ သူ့ ညီ ဘယ်ဟာကို ရွေးမလဲဆိုပြီး မေးခွန်းထုတ်ပါတော့တယ်။
အဲ့ဒီလို အချိန်မှာဘဲ အိတာချီဟာ ကိုးမြှီးကောင်ကြီးနဲ့ ကိုနိုဟကို တိုက်ခိုက်ခဲ့တဲ့ မျက်နှာဖုံးစွတ်လူသား
Tobi ဟာ အသက်ရှင်နေသေးပြီး Akatsuki ဆိုတဲ့ အဖွဲ့ ကိုဖွဲ့ ပြီး တစုံတခုကို လျှို့ ဝှက်ကြံစည် နေမှန်း
သိရှိသွားပါတယ်။ အကယ်၍သာ ကိုနိုဟ နဲ့ Uchiha သာ တိုက်ကြရင် Tobi ဟာ ကြားထဲကနေ
အမြတ်ထုတ်ပြီး စစ်ကြီးကို ဖန်တီးတော့မယ် ဆိုတာကို သဘောပေါက်တာကြောင့် Tobi နဲ့ တိတ်တဆိတ် တွေ့ ဆုံကာ
ကိုနိုဟကို မထိဖို့ နဲ့ Tobi တည်ထောင်ထားတဲ့ Akatuski အဖွဲ့ အစည်းထဲကို
သူ ၀င်မယ်ဆိုပြီး အပြန်အလှန် ကတိပြုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်ကြီးမဖြစ်ဖို့က တကြောင်း
သူချစ်တဲ့ ညီကို ကာကွယ်ဖို့က တကြောင်း အဲ့ဒီ အချက် ၂ချက်ကြောင့် သူ့ အဖေနဲ့ အမေ အပါအ၀င်
မျိုးနွယ်စု တစ်ခုလုံးကို သူ့ လက်နဲ့ဘဲ သုတ်သင်ရှင်းလင်းပစရမယ့် ညကို ရောက်ရှိလာပါတော့တယ်။
အိတာချီဟာ စွမ်းရည်ထက်တဲ့အပြင် Uchiha အချင်းချင်း ဖြစ်တာကြောင့် အကုန်လုံးကို အလွယ်တကူ
သတ်လို့ရခဲ့ပါတယ်။ အိတာချီဟာ Clan ကို သစ္စာဖောက်တော့မယ်ဆိုတာ အိတာချီရဲ့  အဖေနဲ့ အမေက
ကြိုသိထားခဲ့ပေမယ့် သားရဲ့  ရွေးချယ်မှုကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး အိတာချီရဲ့  ဓါးချက်အောက်မှာဘဲ
အသက်ပေးသွားခဲ့ပါတော့တယ်။


" တွေဝေမနေနဲ့ ငါသား။ ဒါမင်းရွေးချယ်တဲ့ လမ်းဘဲ။ ငါတို့ ခံစားရမယ့် နာကျင်မှုက ခဏလေးပါ။ မင်းသာ
တစ်သက်လုံး နာကျင်မှုတွေကို ထွေးပွေ့ သွားရမှာ။ တို့တွေ စဉ်းစားပုံချင်း မတူကြပေမယ့် သားအတွက်
အဖေ အမြဲတမ်း ဂုဏ်ယူတယ် " ( အိတာချီရဲ့  အဖေမှ အိတာချီကို နောက်ဆုံး ပြောသွားတဲ့ စကား )

သူ့ ညီရဲ့  အသက်ကို ကာကွယ်ဖို့ အတွက် အိတာချီဟာ ရွာရဲ့  အလိုအရှိဆုံး ၀ရမ်းပြေး တံဆိပ်ကို ခံယူကာ
ဆာဆုကဲကိုလဲ တစ်ချိန် သူ့ လို မျက်လုံးမျိုးနဲ့ သူ့ ကို လာသတ်နိုင်ရင် သတ်ဖို့ ပြောသွားခဲ့တာမို့
ဆာဆုကဲဟာ တစ်သက်လုံး အိတာချီကို အမုန်းကြီး မုန်းပြီး ကြီးပြင်းလာခဲ့ရတာပေါ့။ ( ဒါပေမယ့် ဒါတွေ
အားလုံးဟာ သူ့ ရဲ့  အသက်ကို ကယ်ဖို့ အတွက်ဆိုတာတော့ ဆာဆုကဲတယောက် မသိခဲ့လေဘူး)

အိုရိုချီမာရုရဲ့  လက်ချက်နဲ့ Third Hokage သေဆုံးသွားရတဲ့အခါ ကိုနိုဟ နဲ့ Uchiha ကြားက လျှို့ ဝှက်ချက်ကို
သိရှိတဲ့လူက Danzo, Homura, Koharu တို့တာ ရှိတော့တာမို့ သူ့ ညီကို လျှို့ ဝှက်ချက်တွေ ပြောလိုက်မှာ
စိုးတာကြောင့် ကိုနိုဟက တစ်ကြိမ် ပြန်ရောက်လာခဲ့ပါသေးတယ်။ ( အဲ့ဒီမှာ ကာကာရှီနဲ့ ချကြပြီး တစ်ပတ်လောက်
ကာကာရှီ ဆေးရုံတက်လိုက်ရတာပေါ့ )


အဲ့ဒီ နောက်ပိုင်းမှာတော့ အိတာချီဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုကို ခံစားရပေမယ့် ဆေးမျိုးစုံနဲ့ သူ့ဟာသူ
ကြိတ်ကုရင်း သူ့ ညီ သူ့ကို ဂလဲ့စားလာချေမယ့် အချိန် (တနည်းပြောရရင်) ငယ်ငယ်လေးကတည်းက
သူပေးခဲ့တဲ့ စိတ်ဓါဏ်ရာကြောင့် ဘ၀တလျှောက်လုံး လက်စားချေဖို့ သက်သက်ဘဲ အသက်ရှင်လာခဲ့သူ
သူ့ ညီလေးအတွက် သူ့ အသက်ကို ပေးအပ်ဖို့အချိန်ကို စောင့်ရင်း နေလာခဲ့ပါတော့တယ်။
ဒါကြောင့်မို့လို့လဲ ညီအကို နှစ်ယောက်ရဲ့  တိုက်ပွဲမှာ အိတာချီဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း သူ့ ညီရဲ့  ရှေ့ မှာ ပြုံးပြုံးလေး အသေခံသွားခဲ့တာပေါ့။ ( ဒါတောင် သူ့ညီကို ဘယ်လောက် ချစ်လဲဆိုရင် ဆာဆုကဲ ကိုယ်ပေါ်က အိုရိုရဲ့  Cursed Seal ကို မသေခင် ရအောင် ဖျက်သွားပေးခဲ့ပါသေးတယ် )။

"ခွင့်လွှတ်ပါ ဆာဆုကဲ။ ဒီတစ်ခါ နောက်ဆုံးပါဘဲ" ( Itachi to Sasuke )


အိတာချီဟာ အလုပ်တစ်ခုလုပ်ရင် အမြဲ ရှေ့ နောက် စဉ်းစားတတ်တဲ့ လူပါ။ တစ်ချိန် အသုံးပြုဖို့ ဆာဆုကဲနဲ့ မတိုက်ခင်
နာရူတိုရဲ့  ဗိုက်ထဲကို သူ့ သူငယ်ချင်းဖြစ်သူ Shisui ရဲ့  Magekyou Sharingan မျက်လုံးပါတဲ့ ကျီကန်းကို ထည့်ထားခဲပါတယ်။
ဒါကြောင့်မို့ Fourth Shinobi World Warမှာ Kabuto က သူ့ ကို Edo' နဲ့ ပြန် အသက်သွင်းပြီး ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ နာရူတို
ဗိုက်ထဲက ကျီးကန်းကို ပြန်ထုတ်ပြီး ထိန်းချုပ်မှုက လွတ်အောင် လုပ်နိုင်ခဲ့တာပါဘဲ။

ညီ နဲ့ ရွာအတွက် အမြဲ စဉ်းစားတတ်တဲ့ အိတာချီဟာ Edo' နဲ့ ပြန်လာရချိန်မှာတောင် Kabuto ကို
Izanami Jutsu နဲ့ အနိုင်တိုက်ပြီး အားနည်းချက် မရှိပါဘူးဆိုတဲ့ Edo' Tensei Jutsu ကို ရအောင်
ဖျက်ပေးသွားပြီး ဒုတိယအကြိမ် သေဆုံးသွာရပြန်ပါတော့တယ်။

" ဆာဆုကဲ ငါ့ကို မင်း ခွင့်မလွှတ်လဲ ရတယ်။ ဒါပေမယ့် ဘာကိစ္စတွေ ဘယ်လိုဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့
မင်း အကိုဖြစ်တဲ့ ငါက မင်းကို အမြဲတမ်း ချစ်တယ်။ " ( အိတာချီရဲ့  နောက်ဆုံး စကား )

လူတစ်ယောက်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့
ကံ၊ ညဏ်၊ ၀ီရိယ လိုတယ်ဆိုရင် အိတာချီဟာ ညဏ်ရော
ဝီရိယရောနဲ့ ပြည့်စုံတဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါဘဲ။ ခေတ်အဆက်ဆက် Hokage တွေလို
ရွာကို ချစ်တဲ့ စိတ် အပြည့်ရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ကံတရားကတော့ အိတာချီကို လုံးဝ မျက်နှာသာ
မပေးခဲ့ပါဘူး။ ဒါကြောင့်မို့လို့လဲ ရွာရဲ့  အမုန်းဆုံးနဲ့ အကြောက်ရွံ့ ဆုံး စာရင်းဝင် တစ်ယောက်ဖြစ်ခဲ့ပေမယ့်
ရွာအတွက် တိတ်တိတ်ပုန်း သူရဲကောင်းတစ်ယောက်ဆိုတာကိုတော့ သူ ၂ခါ ပြန်သေတဲ့ အထိတောင်
လက်တဆုတ်စာ လူတွေလောက်ဘဲ အဖြစ်မှန်ကို သိရှိသွားခဲ့ရရှာပါတယ်။ ကျနော်ကတော့ အကယ်၍ အိတာချီသာ
အသက်ရှင်နေသေးရင် ကိုနိုဟရဲ့  ဟိုခဂဲတစ်ယောက်အနေနဲ့ မြင်ချင်မိတာ အမှန်ပါဘဲဗျာ။..........

အားလုံးဘဲ ကျေနပ်နိုင်ပါစေ...........

#Shika

Tobiramar Senju (Second Hokage)



Senju Clan ခေါင်းဆောင် Butuma Senju ရဲ့  သားလေးယောက်ရှိတဲ့ အထဲကဒုတိယမြောက်သား၊ ကိုနိုဟရွာကို စတင်တည်ထောင်သူ Hashirama Senju ရဲ့ ညီဖြစ်သူ Tobirama Senju ဟာ ငယ်စဉ်ကတည်းက ကိစ္စတစ်ခုကို ပြတ်ပြတ်သားသားနဲ့အစီအစဉ်တကျ လုပ်ဆောင်တတ်သူတစ်ယောက်ပါ။

အကိုဖြစ်တဲ့ Hashirama လို ကိုနိုဟရွာကိုချစ်တဲ့ စိတ်ကြီးမားပြီး လက်အောက်ငယ်သားတွေကို ဂရုတစိုက်အမြဲ ရှိသူဖြစ်ကာ အကိုနဲ့ မတူတဲ့တစ်ချက်ကတော့ ဆုံးဖြတ်ချက် ပြတ်သားမှုပါဘဲ။ရှီနိုဘီစစ်ကြီးထဲမှာ တိုက်ရင်းခိုက်ရင်း ကြီးပြင်းလာရသူတစ်ယောက်မို့ငယ်စဉ်ကတည်းကငြိမ်းချမ်းရေးကို မြတ်နိုးကန်ဖိုးထားသူတစ်ယောက်လဲဖြစ်ပါတယ်။


အကိုနဲ့ အတူ ကိုနိုဟရွာကိုအခက်အခဲ များစွာကြားကနေ ထူထောင်ခဲ့ကြပြီး အကိုဖြစ်သူ ဆုံးပါးသွားတဲ့အခါ ကိုနိုဟရွာရဲ့ ဟိုခါဂဲရာထူးကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။ အကိုဖြစ်သူရဲ့  ငယ်သူငယ်ချင်းဖြစ်သူMadara Uchiha ကို ယုံကြည်မှုမရှိတဲ့ လူတွေထဲမှာ ရှေ့ ဆုံးက ပါဝင်ပေမယ့် Uchiha Clan ကိုမုန်းတီးနေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ Madara ကိုနိုဟရွာကို စွန့်ခွာသွားအပြီးပြိုကွဲနေတဲ့ Uchiha Clan ကို သူ့ လက်ထက်မှာ ကိုနိုဟရဲတပ်ဖွဲ့ကို ဦးစီးစေပြီး ယုံကြည်မှုပေးခဲ့တာကသိသာစေပါတယ်။ သူ့ လက်ထက်မှာ ကိုနိုဟရဲတပ်ဖွဲ့ တစ်ခုတင်မကဘဲ ကိုနိုဟရဲ့  အမျိုးမျိုးသော အဖွဲအစည်းတွေကို စတင်လည်ပတ်စေခဲ့ပြီး အဲ့ဒီအထဲမှာ အခု နာရူတိုတဲ့ တက်ခဲ့ရတဲ့ ကိုနိုဟ နင်ဂျာအကယ်ဒမီကျောင်း၊ ANBU မြေအောက်အဖွဲအစည်းတွေအပြင် ချူးနင်းစာမေးပွဲကိုလဲ သူ့လက်ထက်မှာဘဲစတင်စေခဲ့တာပါ။

တစ်ဦးချင်းစွမ်းရည်ပိုင်းမှာလဲ အကိုဖြစ်သူ Hashirama နဲ့ မခြား စွမ်းရည်ထက်သူဖြစ်ပါတယ်။ Senju မျိုးနွယ်စုတွေ ဖြစ်တဲ့အတိုင်း မကုန်မခမ်းနိုင်တဲ့ ချာကရာကို ပိုင်ဆိုင်ပြီး အဲ့ဒီချာကရာကို ထိန်းချုပ်အသုံးချနိုင်မှုကလဲအံ့မခန်းပါဘဲ။ ဥပမာပြောရင် နံရံတခုကို ထိုးခြင်းပြုခြင်းမလုပ်ဘဲ ထိရုံသာထိထားပြီး သူ့ရဲ့  ချာကရာကိုလွှတ်ထုတ်ရုံနဲ့တင်အကွဲခွဲနိုင်ပါတယ်။ နောက်ပြီး Hand seal ၄၄ခုသုံးမှ ထုတ်လို့ရတဲ့ Water Release: Water Dragon Bullet Techniqueကို Hand Seal တစ်ချက်ထဲနဲ့တင် အသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ Tobirama ဟာ ငယ်စဉ်ကတည်းကချာကရာအာရုံခံစွမ်းအင် မြင့်မားသူတစ်ယောက်ပါ။ မြေကြီးကို လက်နဲ့ထောက်ရုံနဲ့ ရန်သူဟာ ဘယ်နားမှာရောက်နေလဲ အင်အားဘယ်လောက်ရှိသလဲ သိနိုင်သလို ရန်သူ့ရဲ့  ချာကရာအမျိုးအစားကိုလဲ ခွဲခြားနိုင်ပြီးဘယ်ကလန်ကလဲဆိုတာပါ အတိအကျခွဲခြားနိုင်သူတစ်ယောက်ပါဘဲ။


Water release နင်ဂျာတစ်ယောက် ဖြစ်တဲ့ Tobirama ဟာ ရေကို အသုံးပြုနိုင်မှု စွမ်းအင်ကလဲ မြင့်မားပါတယ်။3rd Hokage နဲ့ ခေါင်မိုးပေါ်မှာ ချတဲ့ အပိုင်းကို မှတ်မိကြဦးမှာပေါ့။ ရေလုံးဝမရှိတဲ့ စစ်မြေပြင်မှာ သူ့ ပါးစပ်ကနေရေထုတ်နိုင်ပြီး အဲ့ဒီထုတ်လိုက်တဲ့ ရေနဲ့တင် အမျိုးမျိုးသော Water Release Jutus တွေကို အသုံးပြုနိုင်သူတစ်ယောက်ပါဘဲ။ Water အသုံးပြုသူတစ်ယောက် ဖြစ်ပေမယ့် 4th Hogake ရဲ့  နာမည်ကြီး Jutsu ဖြစ်တဲ့Flying Thunder God Technique, နာရူတိုလက်စွဲ Shadow Clone Jutsu, Orochimaru ရဲ့ Summoning: Impure World Reincarnaiton (Edo' Tensei) အစရှိတဲ့ ဂျု့ စုတွေကို တီထွင်ခဲ့တဲ့နင်ဂျာကြီးတစ်ယောက်ပါဘဲ။ (Edo' Tensei ကိုတော့ သူကိုယ်တိုင်ထွင်ပြီး အန္ဒရယ်များတဲ့ ဂျု့ စုလို့သတ်မှတ်တဲ့ အတွက် Kinjitus အဖြစ် သတ်မှတ်ကာ ချိတ်ပိတ်ခဲ့ပါတယ်။ )

Taijutsu ကျွမ်းကျင်သလိုKenjutus လို့ခေါ်တဲ့ ဓါးအသုံးပြုမှုမှာလဲ တဖက်ကမ်းပါဘဲ။ Madara ရဲ့  ညီ Izuna နဲ့တိုက်ခိုက်တဲ့အခါ Izuna တစ်ယောက် Mangekyo' Sharingan ကို အသုံးမပြုခင် အချိန်အပိုင်းအခြားလေးမှာတင်Flying Thunder God Slash (Kenjutsu) နဲ့ Izuna ကို ဓါဏ်ရာရစေခဲ့တာကို ကြည့်ခြင်းဖြင့် Tobirama ရဲ့ လျင်မြန်မှုနဲ့ ဓါးရေးကျွမ်းကျင်မှုကို မြင်နိုင်ပါတယ်။ သူအသုံးပြုတဲ့ ဓါးနာမည်ကတော့ Sword of the Thunder God လို့ခေါ်တဲ့ လျှပ်စစ်စီးဓါးဘဲ ဖြစ်ပါတယ်။

ခုဏက ကျွန်တော် ပြောခဲ့သလို Tobirama ဟာ အိုင်ကျူအပိုင်းမှာတော့ သိပ်ကို ဆရာကျသူတစ်ယောက်ပါ။ဘယ်အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်လဲ? ဘယ်ရန်သူကို ဘယ်လိုမျိုး တိုက်ခိုက်သင့်သလဲဆိုတာကိုအသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်သူတစ်ယောက်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက်တစ်ခုကတော့ ဒေါသကြီးပြီးစိတ်တိုလွယ်တာပါဘဲ။

သူ့ရဲ့  ဟိုခဂဲ သက်တမ်းတစ်လျှောက်မှာ ရွာကို ဖွံဖြိုးတိုက်တက်အောင် အမျိုးမျိုး စီမံကိန်းတွေ ချမှတ်ကာလုပ်ဆောင်ခဲ့သလို တခြားရွာတွေနဲ့လဲ ငြိမ်းခြမ်းရေးရဖို့လဲ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ခါ Komogakure ကSecond Raikage ဖြစ်သူနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေချိန် Komoရွာကဘဲ ရွှေညီအကိုလို့ ခေါ်တဲ့Kinkaku & Ginkaku တို့ ၂ယောက်ရဲ့  လုပ်ကြံခြင်းခံရပါတယ်။ Tobirama ဟာ အဲ့ဒီလုပ်ကြံမှုကနေအသက်မသေဘဲလွတ်မြောက်ခဲ့ပေမယ့် Komo ရွာရဲ့  Second Raikage သေဆုံးသွားခဲ့ရတာမို့ဘုမသိဘသိနဲ့ Kumo ရွာရဲ့  ရန်ငြိုးဖွဲ့ ခြင်းကို ခံရပါတော့တယ်။ ဒါကြောင့်မို့ ပထမရှီနိုင်ဘီစစ်အတွင်းမစ်ရှင်တစ်ခုမှာ Tobirama နဲ့ သူ့ရဲ့  Team ဖြစ်တဲ့ Hiruzen Sarutobi(3rd Hokage), Homura Mitokado, and Koharu Utatane (ဟိုခဂဲ အကြံပေး အဘိုးကြီး အဘွားကြီး ၂ယောက်)နဲ့အတူ Danzo' Shimura(ANBU leader), Shisui Uchiha ရဲ့  အဖေဖြစ်သူ Kagami Uchiha, Torifu Akimichi တို့ ၇ယောက်ဟာKumo ရွာရဲ့  အင်အားအကြီးဆုံး အယောက်၂၀တပ်စုလို့ခေါ်တဲ့ Kinkaku Forceရဲ့  ၀ိုင်းရံခြင်းကို ခံရပါတော့တယ်။သူတို့ အကုန်လုံးတော့ လွတ်မြောက်နိုင်ဖို့ မလွယ်တော့ဘူးဆိုတာ သိတဲ့ Tobirama ဟာ သူ့ တပည့်အရင်းဖြစ်တဲ့Hiruzen ကို 3rd Hokage အဖြစ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးရင်း သူ့ တပည့်တွေကို ကာဗာလုပ်ကာသူ့ အသက်ကိုသူ စတေးခံသွားခဲ့ပါတော့တယ်။ နောက်ဆုံးအချိန်ထိ သူ့ ရဲ့  အကွက်ကျကျ လုပ်ဆောင်မှု၊အမျှော်အမြင်ကြီးမှုတွေကို ပြသွားခဲ့တာပါဘဲ။

ခြုံပြောရရင်တော့ Tobirama ဆိုတာလဲ နင်ဂျာလောကမှာ အကိုဖြစ်သူ Hashirama နဲ့ မခြား အင်အားကြီးမားသူတစ်ယောက်၊ကိုနိုဟကို ချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့သူတစ်ယောက်၊ အစီတကျလုပ်ဆောင်တတ်ပြီးဆုံးဖြတ်ချက်ပြတ်သားကာ ကိုယ့်လက်အောက်ငယ်သားတွေကိုအသက်ပေးကာကွယ်တတ်တဲ့ ကိုနိုဟရွာရဲ့  ဂုဏ်ဆောင်Second Hokage ကြီးတစ်ယောက်ပါဘဲ။


တတ်သလောက် မှတ်သလောက် ဟိုကြည့်ဒီကြည့် ရေးသားလိုက်ပါတယ်။အားလုံးဘဲ ကျေနပ်နိုင်ပါစေဗျာ။
#Shika

Monday, October 14, 2013

Minato & Kushina

Uzushio ရွာ Uzumaki မျိုးနွယ်စုမှာ မွေးဖွားခဲ့တဲ့ သူမ
ကလေးဘ၀ကတည်းက အမိရွာလေးကို စွန့်ခွာကာ
ကိုနိုဟ အကယ်ဒမီမှာ တက်ရောက် ပညာသင်ကြားဖို့ စေလွှတ်ခြင်းခံရသည်။
အဓိက ရည်ရွယ်ချက်ကတော့ လောလောဆယ် Nine-tailed Jinchuriki ဖြစ်သူ
Mito ရဲ့  နေရာကို ဆက်ခံဖို့ ပင် ဖြစ်လေသည်။
သူမကတော့ မျက်နှာစိမ်းရွာကို တယောက်ထဲ ထွက်လာရသော်လဲ
အကြောက်အလန့်လုံးဝမရှိခဲ့..... သူမရဲ့  အိမ်မက်က ကိုနိုဟရဲ့  ပထမဆုံး မိန်းကလေးဟိုခဂဲ
တစ်ယောက်ဖြစ်လာဖို့ပင်။
မျက်နှာဝိုင်းဝိုင်း ဆံပင်နီနီ လူကပုလုံးလုံးလေးမို့ အကယ်ဒမီက အတန်းဖော်တွေက
ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးနဲ့ နောက်ပြောင်ကာ သူမကို ခေါ်ကြသည်။
ထိုသို့ နောက်ပြောင်ခံရတိုင်းလဲ သူမကတော့ လူမရွေး၊ နေရာမရွေး
စိန်ခေါ်ပြီး အနိုင်ချဲခဲ့တာချည်းသာ။
သူမ အကယ်ဒမီတက်နေစဉ်အချိန်က နင်ဂျာစစ်ကြီးက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးတစ်ရွာနဲ့တစ်ရွာ
ဘယ်လို အနိုင်တိုက်ရမလဲကိုဘဲ အမြဲ ချောင်းမြောင်းနေတတ်တဲ့ အချိန်.....
တစ်နေ့တော့ Jinchuriki တစ်ယောက်ဖြစ်တဲ့ သူမကို Kumo ရွာက နင်ဂျာတွေရဲ့  ဖမ်းဆီးခြင်းကို
ခံရလေတာ့သည်။ ကိုနိုဟရွာကနေ Kumo ရွာအထိ ခေါ်ဆောင်သွားရာ လမ်းတလျှောက် ကြံရာမရတဲ့အဆုံး
သူမရဲ့  ဆံပင်အနီရောင်လေးတွေကို နုတ်နုတ်ပြီး ချသွားမိသည်။ အကယ်၍ တယောက်ယောက်များ
တွေခဲ့ရင် သူမကို လာပြီးကယ်တင်ရန်အတွက် ဖြစ်လေသည်။ သို့သော်လဲ Kumo ရွာ နယ်စပ်နား
ရောက်ခါနီးသည်အထိ မည်သူမှရောက်မလာ။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွာပြီဟု ထင်လိုက်ချိန်...
ရုတ်တရက် နင်ဂျာတစ်ယောက်ရောက်လာကာ Kumo နင်ဂျာတွေရဲ့  လက်ကနေ သူမကို
ကယ်တင်လိုက်နိုင်လေသည်။ ထိုကယ်တင်ရှင်လေးကတော့ တတန်းထဲ အတန်းဖော် Minato ပင်
ဖြစ်သည်။
"ဆံပင်အနီလေးနဲ့မို့ မင်းကို အမြဲသတိထားမိနေတာ။ အခု မင်းရဲ့  ဆံပင်အနီလေးတွေ တွေ့ လို့
တခုခုများ ဖြစ်လားလို့ လိုက်လာခဲ့တာ" လို့ ပြောရင်း သူမကို ပွေ့ ဖက်ထားတဲ့ အတန်းဖော်လေး
Minato ကို ထိုအချိန်ကတည်းက ချစ်မိသွားတယ်ဆိုရင် မှားလိမ့်မည်မထင်တော့။

Minato က ငယ်စဉ်ကတည်းက အလွန်ထူးချွန်တဲ့ နင်ဂျာတစ်ယောက်၊ အလွန်ရှားပါးတဲ့ Genius
တစ်ယောက်လို့သတ်မှတ်ခြင်းခံရသူ။ အသက်ဆယ်နှစ်မှာ အကယ်ဒမီကို အောင်မြင်ပြီးတော့
Jiraiya ရဲ့  လက်အောက် Genin Team မှာ ထည့်သွင်းခြင်းခံခဲ့ရသူ။ Jiraiya Sama ကိုယ်တိုင်က
Minato ရဲ့  အစွမ်းကို အလွန်သဘောကျပြီး တနေ့မှာ နင်ဂျာလောကကြီးကို ကယ်တင်မယ့်
ကယ်တင်ရှင် (Child of the Prophecy ) တစ်ယောက်လို့ ယုံကြည်ခဲ့သည်။
Third Shinobi World မှာ Minatoရဲ့  လျင်မြန်မှု၊ ကျွမ်းကျင်တိကျမှုတွေကြောင့် Konoha Yellow
Flash ရယ်လို့ ကျော်ကြားပြီး စစ်မြေမြင်မှာ Minato ကို တွေ့ တာနဲ့ မစဉ်းစားနဲ့ လှည့်သာပြေးဟု
ဆိုစမှတ်ပြုလောက်ပင်။

သူမတို့ ၂ယောက် အိမ်ထောင်ပြုပြီး သိပ်မကြာခင်မှာဘဲ Minato တစ်ယောက် ကိုနိုဟရဲ့ 
လေးယောက်မြောက် ဟိုခဂဲအဖြစ် တာဝန်ပေးခြင်းခံရသလို သူမမှာလဲ သူမတို့ ၂ယောက်ရဲ့ 
မျိုးဆက်လေးကို လွယ်ထားရသောကြောင့် အလွန်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းလှသော
အိမ်ထောင်ရေးလေးဖြစ်ခဲ့သည်။ Minato က သူ့ ဆရာ Jiraiya ရဲ့  စာအုတ်ထဲက
ဇာတ်ကောင်ကို သဘောကျလွန်းတာကြောင့် သူမတို့ ၂ယောက်ရဲ့  ကလေးဦးလေးကို
Naruto ဟု နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့လေသည်။


ထိုနေ့သည် အောက်တိုဘာလ ၁၀ရက်နေ့........ သူမတို့ရဲ့  ကလေးဦးလေးကို မွေးဖွားရမယ့်
ရက်ပင်ဖြစ်သည်။ Jinchriki တယောက်ဖြစ်သောကြောင့် သာမာန်လူတွေလို မွေးဖွားဖို့ မဖြစ်နိုင်။
ကလေးမွေးတဲ့အချိန် အားနည်းနေမယ့်အခွင့်ကောင်းကိုယူကာ သူမဗိုက်ထဲက Nine-tailed က
လွတ်သွားနိုင်သောကြောင့် အထူးပြင်ဆင်မှုတွေ လုပ်ကာ လျှို့ ဝှက်သောနေရာတစ်ခုမှာ
မွေးဖွားဖို့ ပြင်ဆင်ရသည်။ ထိုအချိန်ထိ အရာရာသည် စီစဉ်ထားသည့် အတိုင်းသာ....
ပျော်ရွှင်မှုတွေများသာ.......... ကောင်းမွန်သော ကံကြမ္မာတွေချည်းသာ.................

သို့သော်......................သို့သော်............................သို့သော်............................
" ကိုယ် အခုချက်ချင်းပြန်လာခဲ့မယ်။ နာရူတိုလေးနားမှာဘဲနေနော် " Yondaime Hokage အကျီင်္ကို
ဖြန့်ဝတ်လိုက်ရင်း သူမရဲ့  ချစ်ယောင်္ကျားက သူမကို ပြောသွားသော အမှာစကား..............။

သူမ အလွန်အားအင်ယုတ်လျော့နေသည့်ကြားက " အန္တာရယ်ကင်းကင်းနဲ့ ပြန်လာခဲ့ပါ " ဟူ၍သာ
တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမရဲ့  ရင်ခွင်ထဲမှာတော့ မွေးကင်းစ Naruto လေး။ အိပ်ပျော်နေသော
နာရူတိုလေးကိုကြည့်ရင်း ဒီအတောအတွင်း ဖြစ်ပျက်သွားသော ဖြစ်ရပ်တွေကို ပြန်စဉ်းစားမိတော့
မယုံကြည်နိုင်လောက်ပင်..........
နာရူတိုလေးကို မွေးဖွားခါနီးလာလေ Kyuubi ရဲ့  Seal မှာလဲ ယုတ်လျော့လာနေသလို သူမခံစားနေရသည်။
သို့သော် သူမအနားမှာ ချစ်ယောင်္ကျား အပြင် Third Hokage ရဲ့  ဇနီးတို့ပါရှိနေသောကြောင့် စိုးရိမ်
စိတ်တော့မရှိ။ အလွန်မတန်မှ နာကျင်မှုကို ခံစားရပြီးနောက်တွင်တော့ နာရူတိုလေးကို အောင်အောင်
မြင်မြင်မွေးဖွားနိုင်လိုက်လေသည်။ " အူဝဲ.........အူဝဲ" ဟု ကလေးလေးရဲ့  ငယ်သံပါအောင် အော်ငိုသံ
ကြားပြီးနောက် Minato က သူမလက်ကို ဖွဖွလေး ဆုတ်ကိုင်ကာ
" အောင်မြင်သွားပြီ Kushina၊ နာရူတိုလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်လိုက်ပြီ" ဆိုပြီး
ပြုံးရွှင်နေသော မျက်နျာဖြင့် သူမကိုပြောရှာသည်။သို့သော် ထိုပျော်ရွှင်မှုသည် အချိန်မည်မျှမျှ မကြာလိုက်ပါ။
သူမကို Minato က Kyuubi Seal ကို ပြန်ပြင်ပေးနေတုန်း အနောက်ဘက်မှ အော်သံကြားလိုက်ရလေသည်။
မျက်နှာဖုံးစွတ်ကာ ၀တ်ရုံအနက်ဝတ်ထားသော လူတစ်ယောက်...... ထိုလူရဲ့  ဘယ်ဘက်လက်ထဲမှာ
သွေးစွန်းနေသော Kunai တစ်လက်နှင့် ညာဘက်လက်ထဲမှာတော့ မွေးကင်းစ နာရူတိုလေး...........
မျက်နှာဖုံးစွတ်လူသားက သူမ ဗိုက်ထဲမှ Kyuubi ကို ထုတ်ပေးရင်ပေး မပေးရင် နာရူတိုလေးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လေတော့သည်။
Minato တယောက် မျက်နှာဖုံးစွတ်လူလက်ထဲက နာရူတိုကို အလျင်အမြန်ကယ်ဆယ်ကာ အဝေးတစ်နေရာသို့
ခုန်ကူးသွားနိုင်ခဲ့သော်လည်း သူမမှာကား ထိုလူရဲ့  လက်ချက်ဖြင့် ဗိုက်ထဲတွင် Seal လုပ်ထားသော Kyuubi ကို
အထုတ်ခံလိုက်ရလေသည်။ Kyuubi အထုပ်ခံရပြီး သတိလစ်ခါနီးဆဲဆဲ နောက်ဆုံးကြားလိုက်ရသော စကားသံက
" ကို နို ဟ ကို အ မှုန့်  ခြေ ပစ် မယ် " ဟူ သော စကားသံပင်............။

အချစ်နှင့် အမုန်းဆိုသည်မှာ ချိန်ခွင်ပေါ်တွင် တစ်ဘက်တစ်ချက်စီ နေရာယူထားသော အရာ၂ခု လိုမျိုးပင်။
အချစ်တွေ များလာသည်နှင့်အမျှ တဘက်တွင် အမုန်းတရားတွေက မြင့်တက်လာနေသည်ကို မည်သူမှ သတိမထားမိကြ။
မျက်နှာဖုံးစွပ်လူသား (သို) Obito တစ်ယောက်မှာလဲ သူ့ ရဲ့ ချစ်ရသူ Rin ကို မျက်စိရှေ့ တွင် လက်လွှတ်ဆုံးရှုံးလိုက်ရသောအခါ
ဖော်ပြလို့မရအောင် များပြားလှသော အမုန်းတရားတို့ဖြင့် Konoha တစ်ရွာလုံးကို ပတ်ရမ်းလေတော့သည်။

တိတ်ဆိတ်ညိမ်သက်နေသော ကိုနိုဟရွာကလေးဧ။် ညချမ်းလေးမှာ Kyuubi နဲ့ Obito ကြောင့် အတုန်းအရုန်း လဲပြိုပျက်စီးကာ
သွေးအလိမ်လိမ်း စွန်းခဲ့ရချေပြီ။ အခြေအနေကို ရုပ်ချည်းသဘောပေါက်လိုက်သော Former Hokage Sabutori က
Shinobi တွေ အားလုံးကို သွေးမပျက်ကြရန် လှုံဆော်ပြီး သူကိုယ်တိုင် Kyuubi နှင့် ရင်ဆိုင်ရန် ရှေ့ တန်းမျက်နှာပြင်သို့
ထွက်လာခဲ့လေပြီ။ ထိုအချိန်တွင်.................. Hokage ရုပ်ထုတွေပေါ်ကနေ လက်ရှိ Hokage ဖြစ်သူ Minato တစ်ယောက်
ရုတ်တရက် ရောက်လာကာ Kyuubi နှင့် မျက်နှာဖုံးလူသားကို လှမ်း၍ စိန်ခေါ်လိုက်သည်။ Minato ကို မြင်သည်နှင့်
Kyuubi က Biju' Dama နှင့် လှမ်းတိုက်ခိုက်သော်လည်း Minato က Flying Thunder God Jutsu ဖြင့် နေရာလွှဲလိုက်နိုင်သည်။
Minato ရှိနေလျှင် Kyuubi တကောင် ကိုနိုဟကို ဖျက်စီးဖို့ မလွယ်မှန်း သိနေသော Obito က သူ့ ရဲ့  Transportation Jutsu ဖြင့်
Minato ကို ရွာနဲ့ ခပ်လှမ်းလှမ်း တစ်နေရာသို့ ခေါ်ထုတ်သွားသည်။ Kyuubi ကို တဖန်ပြန် Seal လုပ်ရန် မျက်နှာဖုံးလူသားရဲ့ 
ထိန်းချုပ်မှုအောက်မှ အရင်လွတ်အောင် လုပ်ရမည်ကို သဘောပေါက်သော Minato က မျက်နှာဖုံးလူသားကို အနိုင်တိုက်ဖို့
ဆုံးဖြတ်လိုက်လေသည်။

ဆရာတပည့် ၂ယောက်ရဲ့  တိုက်ပွဲက ထင်သလောက် မပြင်းထန်ဘဲ Zetsu အားကိုးပြီး မိုက်နေသော Obito ကို Minato က
သူ့ ရဲ့  Flying Thunder God Jutsu ကို အကောင်းဆုံးအသုံးချကာ အနိုင်တိုက်ခိုက်နိုင်လိုက်သည်။ Kyuubi ကိုလဲ
လက်လွှတ်လိုက်ရကာ ဒါဏ်ရာလဲရသွားသော Obito ကတော့ တချိုးတည်း လစ်ပြေးတော့သည်။

ထိန်းချုပ်မှုလွတ်သွားသော်လည်း ဒေါသကြီးသော Kyuubi က ကိုနိုဟအပေါ်နာကျည်းချက်များစွာဖြင့် ဖျက်စီးလို့ကောင်းနေတုန်း.......
Minato တစ်ယောက် Summoning Jutsu ဖြင့် GamaBunta ကို ခေါ်ကာ Kyuubi နှင့် တိုက်ပွဲဆီသို့
ရောက်ရှိလာသည်။ ထို့နောက် Kyuubi ကို Flying Thunder God Jutsu ဖြင့် ရွာနဲ့ဝေးရာသို့ ခေါ်ထုတ်
သွားလေတော့သည်။ သူခေါ်ထုတ်သွားသောနေရာက Kushina နှင့် နာရူတိုတို့ ရှိနေသော တဲအိမ်လေးနားသို့ပင်..........

Kyuubi ကို အနိုင်တိုက်ဖို့က မဖြစ်နိုင်မှန်း သူသိသည်။ သူရော Kushina ရော ချာကရာလည်း အလွန်နည်းနေကြပြီ။
Kushina က သူ ခန္ဒာကိုယ်ထဲကို Kyuubi ကို ဆွဲချုပ်ခေါ်သွားပြီး သူအသေခံသွားမည်ဟု ပြောသည်။
သူလုံးဝ လက်မခံနိုင်ပါ။ 4th Hokage တစ်ယောက်၊ နာရူတိုရဲ့  ဖခင်တစ်ယောက်၊ Kushina ရဲ့ 
ခင်ပွန်းတစ်ယောက်အနေနဲ့ သူ့မျက်စိရှေ့ မှာ မည်သူတစ်ယောက်မှကို အသေမခံနိုင်ပါချည်။ ထို့ကြောင့်
သူဆုံးဖြတ်ချက်ချလိုက်သည်။ Dead Demon Consuming Seal ဖြင့် သူ့ခန္ဒာကိုယ်ထဲမှာ Kyuubi ကို
Seal လုပ်ရင်း အသေခံရန်ပင်။ သို့သော် သူ့ တွင် Kyuubi တကောင်လုံးကို Seal လုပ်ရန် သူ့တွင် ချာကရာမလုံလောက်တော့။
တစ်ချိန်က Jiraiya Sensei က သူ့ကို Child of Prophercy ဟု ယုံကြည့်ခဲ့ဖူးသည်။ ယခု သူ့ရဲ့ 
သားလေး နာရူတိုကို Child of Prophercy တစ်ယောက်ဖြစ်လာရမည်ဟု သူယုံကြသည်။
တစ်ချိန်မှာ Kyuubi ရဲ့  ချာကရာကို အကောင်းဆုံးအသုံးချကာ နင်ဂျာWorld ကြီးတစ်ခုလုံးကို
ငြိမ်းခြမ်းရေးယူပေးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ ထို့ကြောင့် သူတို့ ရဲ့  မွေးကာစသားလေး နာရူတိုရဲ့  ကိုယ်ထဲတွင်
Kyuubi ကို Eight Trigarms Sealing Jutsu ဖြင့်
Seal လုပ်ကာ နာရူတိုလေးကို Jinchuriki လုပ်ရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သို့သော်.................... မလောက်လေးမလောက်စား မွေးကင်းစကလေးလေးရဲ့  ကိုယ်ထဲကို သူ့ကို
ထည့်ပြီး Seal လုပ်ရကောင်းလားဟု ဒေါသထွက်သွားသော Kyuubi က နာရူတိုလေးကို သတ်ဖို့
သူ့ ရဲ့  လက်သည်းကြီးဖြင့်အထိုး........................ ထိုလှုပ်ရှားမှုကို အရင်မြင်လိုက်သော
Kushina ....... နောက် Minato တို့ ၂ယောက်လုံးမှာ နာရူတိုလေးရှေ့ ကနေ ၀င်ခံရင်းးးးးးးးးးးးးးး
ရှည်လျားလှသော Kyuubi ကြီးရဲ့  လက်သည်းရှည်ကြီးက ၂ယောက်လုံးရဲ့  ၀မ်းဗိုက်ကို
ထုတ်ချင်းပေါက်သွားစေတော့သည်။

ထိုအချိန်သည် နောက်ဆုံးအချိန်လေးသာ ဖြစ်တော့သည်။ Kushina ကို နာရူတိုနှင့်အတူတူ အသက်ရှင်
ကျန်ရစ်စေခဲ့သော်လည်း မည်သို့မှ မတတ်နိုင်တော့........... နောက်ဆုံးအနေနဲ့ နာရူတိုလေးကို Jinchiriki
လုပ်ရန်သာ ကျန်ရစ်တော့သည်။ နောက်ထပ် ဆုံတွေ့ ရန် မဖြစ်နိုင်တော့သော သူတို့ရဲ့  မွေးကင်းစသားလေး
နာရူတိုကို ပြောချင်တဲ့ စကားတွေက အများကြီး... Kushina မှာ ရှိနေလိမ့်မည်ဆိုသာ သူသိသည်။
ထို့ကြောင့် Kushina ကို နာရူတိုကို နောက်ဆုံးဆုံးမစကားလေး ပြောဖို့ တောင်းဆိုလိုက်မိသည်။

Kushina: " နာရူတို... အစားဂျီးမများဘဲ သန်စွမ်းကျန်းမာလာအောင် အများကြီးစားရမယ်နော်။ နေ့တိုင်း
ရေမှန်မှန်ချိုးပြီး နွေးနွေးထွေးထွေးလဲနေပါနော်။ ညဆိုလဲ ညဉ့်နက်ထိမနေဘဲ အိပ်ရေးဝအောင်အိပ်နော်။
အများကြီးမလိုအပ်ပေမယ့် ကိုယ်တကယ်ကို ယုံကြည်စိတ်ချရမယ့် သူငယ်ချင်းကောင်းတွေ ရအောင်
ပေါင်းရမယ်။ အမေက စာသင်တာ သိပ်စိတ်မ၀င်စားပေမယ့် သားကတော့ စာကောင်းကောင်းသင်ပြီး
Ninjutus တွေကိုလဲ ကြိုးစားပမ်းစားသင်ယူပါ......။ ဒါပေမယ့် လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်
ဆိုတာရှိတာမို့ တခုခုကို ကောင်းကောင်းမလုပ်နိုင်တဲ့အခါ စိတ်ဓါတ်မကျပါနဲ့။ အကယ်ဒမီက ဆရာတွေနဲ့
စီနီယာတွေကို ရိုသေလေးစားပါနော်။ အို...ပြီးတော့ ရှီနိုဘီတစ်ယောက်အတွက် အရေးကြီးတဲ့
ဆောင်ရန်အချက် သုံးချက်ရှိသေးတယ် သား.....။ ငွေအချီး အငှားလုပ်တာကို အမြဲ သတိထားရမယ်။
မစ်ရှင်တွေက ရလာတဲ့ ငွေတွေကိုလဲ သေသေချာချာ စုဆောင်းရမယ်နော်။ အရက်ကိုလဲ အသက် ၂၀
ပြည့်မှဘဲ သောက်ပါ...ဒါပေမယ့် အရမ်းသောက်ရင် ခန္ဒာကိုယ်ထိခိုက်မှာမို့ တော်သင့်ရုံဘဲ သောက်ပါနော်။
နောက်ဆုံးတစ်ခုကတော့ မိန်းမဘဲ သား။ အမေက မိန်းမ တစ်ယောက်ဆိုတော့ အဲ့ဒီအကြောင်းတွေ
သိပ်မသိပေမယ့် ဒီလောကကြီးက မိန်းမနဲ့ ယောင်္ကျား၂မျိုးတည်းရှိမှာမို့ တချိန်ချိန် မိန်းကလေးတွေကို
သားစိတ်ဝင်စားလာမှာက သဘာဝဘဲလေ။ ဒါပေမယ့် မဟုတ်တယုတ် မိန်းကလေးတွေကို ရှောင်ပါ။
အမေ့လိုမျိုး မိန်းမကို ရှာယူနော်။ ဒီသုံးချက်အပြင် အမေမှာချင်တာ တစ်ခုက Jiriaya Sensei ကြီးကိုလဲ
သတိထားပေါင်းပါနော်။ နာရူတို.... ဒီနေ့ စပြီး သားဘ၀မှာ နာကျင်မှုတွေ အခက်အခဲတွေ အများကြီး....
အများကြီး တွေ့ ရလိမ့်မယ်။ ကိုယ့်ကို ကိုယ်ယုံကြည်ပါ သား။ အနာဂတ်ရည်မှန်းချက်တစ်ခုကို
သေချာထားပြီး အဲ့ဒီ ရည်မှန်းချက်ဖြစ်လာအောင် လုပ်ဖို့ ယုံကြည်ချက် အမြဲရှိနေပါစေ..........။
ဒီထက် သားကို....... အများကြီး.....အများကြီး ဆုံးမသွန်သင်ပေးချင်သေးတယ်...... သားရဲ့  အနားမှာ
အမေ ဒီထက်ပို....ကြာကြာနေချင်ပေမယ့်လဲ...........................................................
*နာရူတို.... သား ကို အ မေ ချစ် တယ် * "
ထိုနေ့လေးသည် နာရူတိုလေးရဲ့  မွေးနေ့....... နာရူတိုရဲ့  မိဘ၂ပါးလုံး သေဆုံးသွားတဲ့နေ့............
နာရူတိုတယောက် ဘယ်သူမှ မလုပ်ချင်တဲ့ Jinchuriki လေး တစ်ယောက်ဖြစ်ခဲ့ရတဲ့နေ့ပင်။
သို့သော် နာရူတို ဗိုက်ထဲကိုထည့်ခဲ့သော Kyuubi မှာ သာမာန် Kyuubi တစ်ကောင်မဟုတ်
မိဘ၂ပါးစလုံးရဲ့  မျက်ရည်၊ သွေးနှင့် အချစ်များစွာ ရောပြွန်းနေသော ချစ်ခြင်းရဲ့  သင်္ကေတစ်ခု။
တစ်ချိန်ချိန်မှာ နင်ဂျာလောကရဲ့  သူရဲကောင်းတစ်ယောက်ဖြစ်လာရမယ်ဆိုတဲ့ သားအပေါ်ထားရှိတဲ့
မိဘ၂ပါးလုံးရဲ့  ယုံကြည်ချက်၊ အိမ်မက်၊ မျှော်လင့်ချက်များစွာဖြင့် ခြုံလွှမ်းသွားခဲ့သော
ချစ်ခြင်းတရားရဲ့  နေ့ရက်လေး တစ်ရက်ပင် ဖြစ်လေတော့သည်။

#Shika

Saturday, October 12, 2013

Naruto Town

ကျနော်တို့ ဇာတ်လိုက်ကျော်ကြီး Uzumaki Naruto ရဲ့  အဓိပ္ပါယ်က
Uzumaki ဆိုတာ ၀ဲဂယက်ကို ဆိုလိုတာဖြစ်ပြီး Naruto ကတော့
ဂျပန်အစားအစားဖြစ်တဲ့ Ramen ထဲမှာ ထည့်စားရတဲ့ Kamaboko လို့ ခေါ်တဲ့ အစားအစာတမျိုး (တနည်းအားဖြင့်) ကျနော်တို့တွေ ပင်လယ်စာလို့ ခေါ်တဲ့ မုန့်တွေထဲက
စက်ဝိုင်းအရစ်လေး သုံးရစ်လေးနဲ့ ပန်းရောင် ဂဏန်းပြားလေးတွေပါဘဲ။ အဲ့ဒီ
စက်ဝိုင်းအရစ်လေး သုံးရစ်ဟာလဲ ၀ဲဂယက်လေးတွေကို ကိုယ်စားပြုတာဖြစ်ပြီး တနည်းအားဖြင့်တော့ Uzumaki ပါဘဲ။ ဒါကြောင့်
Uzumaki Naruto ဆိုတဲ့ နာမည် ၂ခုဟာ တခုနဲ့ တခု ဆက်စပ်မှုရှိတယ်လို့ ပြောရင်လဲ မမှားပါဘူး။



နောက်ပြီးဂျပန်နိုင်ငံမှာ Naruto ဆိုတဲ့ မြို့  ရှိတယ်ဆိုရင် ယုံကြမလား????
မယုံမရှိနဲ့ တကယ်ကို ရှိတာဗျို့ ။

ဂျပန်နိုင်ငံ ရှိခိုခုတိုင်း တိုခုရှိမခရိုင်မှာ တည်ရှိတာဖြစ်ပြီး လူဦးရေ
၆၁၅၂၂ ယောက် နဲ့ အကျယ်အ၀န်းကတော့ ၁၃၅.၄၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။

မတ်လ ၁၅ရက် ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့လဲ ဆိုပါတယ်။
Naruto မြို့ တင် ရှိတာ မဟုတ်ဘဲ Naruto မြို့ နဲ့ Awaji ကျွန်းကြားမှာရှိတဲ့
ရေလက်ကြားကိုလဲ နာရူတိုရေလက်ကြားရယ်လို့ အမည်တွင်ပြီး
အဲ့ဒီရေလက်ကြားမှာ မကြာခဏဖြစ်ပေါ်တတ်တဲ့ ၀ဲဂယက်လေးတွေကိုလဲ
ဒေသခံတွေက နာရူတိုဝဲဂယက်ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။








အဲ့ဒီဝဲဂယက်လေးတွေကို အစွဲပြုပြီး ပြုလုပ်ထားတာလားလို့တော့ မပြောတတ်ပေမယ့် နာရူတိုမြို့ လေးရဲ့  ဒေသခံအလံဟာလဲ အပြာရောင် နောက်ခံပုံမှာ စက်ဝိုင်းအရစ်လေးသုံးရစ်ပါတဲ့ Kamaboko ပုံလေးပါဘဲ။ တနည်းအားဖြင့် ပြောရရင်တော့ Uzumaki Clan ရဲ့  အမှတ်အသားလေးပေါ့။

နာရူတိုမြို့ လေးဟာ The Otsuka Museum of Art လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ
ပထမဦးဆုံးဖွင့်လှစ်ခဲ့တဲ့ ဗိသုကာပြတိုက်ကြောင့်လဲထင်ရှားပါတယ်။
တခြားထင်ရှားတဲ့ ဘုရားကျောင်းတွေလဲ တည်ရှိပြီး အလည်တခေါက်
သွားချင်တယ် ဆိုရင်တော့ ဒီ Website လိပ်စာလေးအတိုင်း သွားကြည့်လိုက်ကြပါနော်။

http://www.city.naruto.tokushima.jp/contents/foreign/english/index.html

( အခုတလော မအားလို့ သိပ်Active မဖြစ်နိုင်တာကို ဒီဆောင်းပါးလေးနဲ့ အဖတ်ဆည်လိုက်ပါတီ။ အားလုံးဘဲ ကျေနပ်မယ်လို့ ထင်ပါတယ်နော် )

#Shika